IF you can keep your head when all about you
Are losing theirs and blaming it on you,
If you can trust yourself when all men doubt you,
But make allowance for their doubting too;
If you can wait and not be tired by waiting,
Or being lied about, don't deal in lies,
Or being hated, don't give way to hating,
And yet don't look too good, nor talk too wise:
If you can dream - and not make dreams your master;
If you can think - and not make thoughts your aim;
If you can meet with Triumph and Disaster
And treat those two impostors just the same;
If you can bear to hear the truth you've spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to, broken,
And stoop and build 'em up with worn-out tools:
If you can make one heap of all your winnings
And risk it on one turn of pitch-and-toss,
And lose, and start again at your beginnings
And never breathe a word about your loss;
If you can force your heart and nerve and sinew
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: 'Hold on!'
If you can talk with crowds and keep your virtue,
' Or walk with Kings - nor lose the common touch,
if neither foes nor loving friends can hurt you,
If all men count with you, but none too much;
If you can fill the unforgiving minute
With sixty seconds' worth of distance run,
Yours is the Earth and everything that's in it,
And - which is more - you'll be a Man, my son!
Pages
▼
Thursday, December 25, 2008
အကယ်၍
မင်းအသိုင်းအ၀ိုင်း တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ မင်းကြောင့်လို့ ၀ိုင်းဝန်းအပြစ်တင်ကြတဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင် . . .
အကယ်၍
အားလုံးက မင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင် . . .
အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်း နေနိုင်မယ်ဆိုရင် . . .
ဒါမှမဟုတ်
မင်းရဲ့အကြောင်း မဟုတ်မတရား မုသားစကားကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင် . . .
ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းကလည်း အမုန်းတွေ ပြန်မပွားဘူးဆိုရင် . . .
အကယ်၍
စိတ်ကူးယဉ်အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ
စိတ်ကူးနိုင်မယ်ဆိုရင် . . .
ပြီးတော့
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ
တွေးခေါ်နိုင်မယ်ဆိုရင် . . .
အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလားရယ်လို့
ခံယူထားနိုင်မယ်ဆိုရင် . . .
အကယ်၍
မင်းရဲ့ အမှန်စကားတွေကို
လူလိမ်လူညာတွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင် . . .
အကယ်၍
မင်းဘ၀တစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့်နဲ့ ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်
အင်မတန်မှသေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင် . . .
အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံး
ကြွေတလှည့်ကြက်တခုန်ပမာ
တလှည့်တခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင် . . .
ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင် . . .
ပြီးတော့တခါ
ဆိုးလှတဲ့ကံကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူမနေဘူးဆိုရင် . . .
အကယ်၍
သူများတကာတွေ လုပ်ပြီးသွားကြလို့
အချိန်အတော်ကြာမှ မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားနိုင်မယ်ဆိုရင် . . .
အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့ ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်အင်အားကို ခိုင်မာစွာနဲ့ပဲ
လက်ဆုပ်လက်ကိုင် ထားနိုင်မယ်ဆိုရင် . . .
အကယ်၍
လူတွေနဲ့ ထိတွေ့ဆက်ဆံ ပြောဆိုတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင် . . .
ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့အတူ လမ်းလျှောက်နေရပေမယ့်
မာန်၊ မာန သွေး မကြွဘူးဆိုရင် . . .
အကယ်၍
ရန်သူကဖြစ်စေ၊ မိတ်ဆွေကဖြစ်စေ
မင်းကို နာကျည်းအောင် မလုပ်နိုင်စေရင် . . .
အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင် . . .
အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ
အဓိပ္ပာယ်ရှိတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ် အသုံးချနိုင်မယ်ဆိုရင် . . .
ငါ့သားရေ
မင်းဟာ အရာရာရှိတဲ့ အရာရာဖြစ်တဲ့ ကမ္ဘာကြီးကို ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့
အဲဒီတော့ မင်းဟာလည်း ယောက်ျားကောင်းတယောက်ပဲပေါ့။ ။
(ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန်ဆိုသည်)

နတ်တော်လဘွဲ့
ရှစ်ခွင်ကို မြူဆင်လို့
ငွေနှင်းတဲ့ နုစို။
ဂမုန်းသဇင်တို့
စုံခွင်မှာ လေချိုညှင်းက
သုတ်သွင်းဘယ်ညာနှံ့
သင်းပျံ့ပျံ့ချို။
ယုဂန္ဓိုရ် တောင်မိုထိပ်ဖျား
ရွှေလစန္ဓ္ဓီနှင့်
ဓီပထီရောင်ခြည်ဖျန်းတယ်
မြန်းတူကြွသွား။
ဖိုးသူတော်ဦးမင်း
ငွေနှင်းတဲ့ နုစို။
ဂမုန်းသဇင်တို့
စုံခွင်မှာ လေချိုညှင်းက
သုတ်သွင်းဘယ်ညာနှံ့
သင်းပျံ့ပျံ့ချို။
ယုဂန္ဓိုရ် တောင်မိုထိပ်ဖျား
ရွှေလစန္ဓ္ဓီနှင့်
ဓီပထီရောင်ခြည်ဖျန်းတယ်
မြန်းတူကြွသွား။
ဖိုးသူတော်ဦးမင်း
လူကလည်းမအား၊ အလုပ်တွေကလည်းရှုပ်၊ အင်တာနက်ကွန်နက်ရှင်ကလည်း စုတ်ဆိုတော့ အခုတလော ကိုယ့်ဘလောဂ်ကိုတောင် မဝင်ဖြစ်ပါဘူး။ အမှတ်တရ ဝင်ဖတ်ပြီး အားပေး အကြံပြု ဝေဖန်သွားကြသူများကိုလည်း ကျေးဇူးပါ။ အခုအောက်က ဆောင်းပါးလေးက ကျွန်တော် သေသေချာချာ လေ့လာသုံးသပ်ပြီး ရေးထားတာပါ။ ပထမတော့ ဘလောဂ်မှာ တင်မလို့ပါပဲ။ People Magazine က နည်းပညာစာမူအဖြစ် ရွေးလိုက်တာမို့ အခုမှပဲ တင်ဖြစ်ပါတော့တယ်။ ဖတ်ရှုဝေဖန် အကြံပြုနိုင်ပါတယ်။
Myanmar%20Internet%20Research
Myanmar%20Internet%20Research
ပန်းပုံပြင်
ပန်းဆိုတာ... လှတယ်တဲ့။
ပြီးတော့... မွှေးလည်း မွှေး တယ်တဲ့။
အဲဒါကြောင့်... အားလုံးက နှစ်သက် မြတ် နိုး ကြ တာ ဆိုပဲ။
နေ့တနေ့ ပွင့်သစ် လာ ပြီ ဆို တာ နဲ့.. ဥယျဉ် တခုလုံး မှာ ပန်းမျိုးစုံ ဟာ၊ နိုးထ လန်းစွင့် လာ ကြတော့ တာပဲ။
မမ နေကြာ ပန်း ကတော့.. ရွက်လွှာ ကို ဖွင့် .... နေဆီ ကို စွင့် ပြီး တာနဲ့.. ပတ်ဝန်း ကျင် ကို စိမ် ခေါ် တော့တယ်။ သူက.. အဲဒီ လို ..ပေါ့တန် တဲ့ အဆို မျိုး ကို ..လုံးဝ လက် မခံ နိုင် ဘူးတဲ့လေ။ မလှမ်း မကမ်း က ..နှင်းဆီ ပန်း နဲ့ ဒေစီပန်း ကို တောင် ..အပြစ် တင်လိုက်သေး..။ ပေါ့ပေါ့ တန် တန် နေတဲ့ ပန်း တွေ တဲ့..။ သူက တော့..လောကကြီး ကို အများ ကြီး ..အကျိုး ပြု နိုင် တယ် လို့ ..ပြော လား ပြော ရဲ့။ ဟုတ်မှာ ပါပဲ.... သူ က ..ဒီပန်း ခြံ ထဲ မှာ.. တကယ့်ကို အထယ် ၀ါ ဆုံး.. အတောက်ပ ဆုံး..ပန်း တပွင့် ပဲ။
တခု တော့ ရှိသည်။ ဥယျဉ် ရဲ့ တောင်ဖက် ထောင့် ငုတ် တိုင် မြင့် တွေ ပေါ်မှာ.. သပ်သပ် ရပ် ရပ် ရှိ နေ ကြတဲ့.. သဇင်ပန်း ဖွေး ဖွေး တွေ က လည်း.. အင်မတန် ရှင်းသန့် လှပ ကြ ပြန် တာပဲ။ သူ တို့ ကလည်း..သူတို့သာ အလှဆုံး.. အယဉ် ဆုံး.. တန်ဖိုး အရှိ ဆုံး တဲ့။ အတော့ ကို ခက်သည်။ ထင် တလုံး နှင့် ဘယ်သူ့ကို မှ အဖက် မလုပ်.. ဥယျဉ် တခု လုံး..သူ တို့သာ ရှိ နေ သလိုပါပဲ။ အဲဒါ ကိုပင်.. မမနေ ကြာ က..မုန်း သည်။ ကိုယ်စွမ်း ကိုယ်စ မရှိ.. မျိုးရိုး ဂုဏ် မောက် ပြီး.. ဘ၀ မေ့ သူ တွေလို့.. အမြဲပဲ ရှုတ် ချ တယ်။
အဲဒီ ..မမနေကြာ ရဲ့ တရား ကိုတော့..မြက် ပင် ရှည် ရှည် တွေ ကြား ထဲ က၊ မြက်ပန်း လေး တွေ ကအစ.. နှင်းဆီ နဲ့ ဒေစီပါ မကျန်.. နာ ကြ ရ တယ်လေ..။ ဒါပေမဲ့..သူတို့ အားလုံး.. သဇင် ပန်း လေး တွေ ကို.. အထင် ကြီး မြဲ..ကြီး ကြ တာပါပဲ။
ဒေစီ ကတော့.. သာယာ လှပ တဲ့ နေရောင် အောက် မှာ.. သူမ ရဲ့ ရှည်သွယ် ကျော့ရှင်း ပြီး.. အသွေး အရောင် စုံ နေတဲ့.. ရွက်လွှာ လေး တွေ ကို.ဆန့်ထုတ် ရင်း.. အနားမှာ ရစ်ဝဲ နေတဲ့ ပိတုံးလေး ကို ..မျက်လွှာလေး ပင့် ပြီး..ကြည့်တတ် တယ်လေ..။ ပိတုံး လေး က..ဒေစီကို ချစ်နေ တာတဲ့..။ ဒေစီ က လှတာကိုး။ ခက် တာ က..လိပ်ပြာလေး ပေါ့။ သူကလည်း..ဒေစီကို မေတ္တာ ရှိသတဲ့လေ။ ဒေစီ့ အနေနဲ့ ကတော့.. လိပ်ပြာ လေး ကလည်း..ချစ်စရာပင်။ ပိတုံး လေး ကို လည်း..မုန်းစရာ မထင် ပြန် ။ နှင်း ဆီ ကတော့.. သူငယ်ချင်း မ အတွက်.. ရင်လေး မိသတဲ့..။ သူ အမျိုး မျိုး ဖျောင်းဖျ ပေမဲ့.. နားမ၀င် ဘူးလေ။ တခါ တခါ များ ဆို.. စားတော့ ၀ါး တော့မတတ်.. လာချောင်း တတ်တဲ့.. ခူ ကောင် စိမ်းစိမ်း ကြီး ကိုတောင်.. မခို့တရို့ နဲ့ ကြောက် ဟန် ဆောင် ပြီး.. ဟန် မူ တွေ ပိုလိုက်သေးတယ်။ အဲဒါ ကြောင့် လည်း..ဥယျဉ် ထဲ မှာ နံမယ် ကျော် ကြား နေ တာ ပေါ့ ။
နှင်း ဆီ ကတော့..ဒီကိစ္စ မျိုး ကို အင်မတန် စက်ဆုပ် တယ်လေ။ သူက အလှအပ ကို မြတ်နိုး ပေမဲ့.. ပန်း တွေ ရဲ့ အလှနဲ့ အားနွဲ့မူ ကို ခုတုံးလုပ် ပြီး.. ပတ်ဝန်း ကျင် ကို လှည့် စား တာတော့.. နဲနဲ မှ..လက်မခံ နိုင် ဘူး။ အာရုဏ် ဦး နှင်းရည် တွေ ကို သောက်သုံး ပြီး တာနဲ့.. သူ့ရဲ့ ပါးပြင် ကို ..ပန်းသွေးရောင် ကြွ သထက် ကြွ အောင်..ပြင်ဆင် ခြယ်သ တော့ တာပဲ။ ပွင့်ဖတ် တွေ ကို လည်း ..မလှ လှ အောင် စီရီ နေ လိုက်သေး။ ဟော.. ပြီးတော့.. ဣနြေ္ဒ ကြီး တခွဲသား နဲ့..လှချင် တိုင်း လှနေ ပြန် ရော။ ဒါပေမဲ့.. သူ့နား မှာ ပျံဝဲ နေကြတဲ့.. ပျားပိတုံး..လိပ်ပြာ တွေ ကို.. ရှိ တယ်လို့တောင်..ထင်တာ မဟုတ်။ မျက်ချုံ တန်း တွေ ထဲက..ပုစဉ်း ရင်ကွဲ တွေ ကတော့..` သူက ..လူတွေ ကို ပဲ အထင်ကြီး..စိတ်ကြီး ၀င်နေ တာပေါ့ ကွ..´ လို့ အချင်းအချင်း..ပြောပြီး လှောင်ကြ သတဲ့။
တကယ် လည်း.. နှင်းဆီ လေး ဟာ.. သူ့ဘ၀ မှာ..ဒီထက်မက သာ ယာတဲ့ အခြေ အနေ တခု ကို ..ဖန်တီး နိုင် လိမ့် မယ် ဆိုတဲ့..မရေ ရာ လှတဲ့.. မျှော်လင့် ချက် တွေ နဲ့..မသေချာ တာတွေ ကို စောင့်စား နေတာ ပါပဲ။ ဆူးတွေ ဟာ ..သူ့ အတွက် အားမာန် တွေပဲ ပေါ့။ ဘယ်သူ တွေ ဘာပဲ ပြော ပြော ..ဘယ်သူ့ကို မှ..အားမကိုး ခဲ့ဘူး။ ဒူး မထောက် ခဲ့ဘူး။ သူ့ရဲ့ အခင် ဆုံး မိတ် ဆွေ မလေး တွေ ဖြစ်တဲ့.. နှင်းပန်း လေး တွေ ကတော့.. ကံကောင်းပါစေ လို့..အမြဲပဲ..ဆု တောင်း ပေး ကြသတဲ့။
တကယ် ချစ် ဖို့ ကောင်း တဲ့ နှင်း ပန်း လေး တွေပါပဲ။ ဘယ်သူ တွေ ဘာပဲဖြစ်နေနေ.. သူတို့ကတော့.. လေ ပြေ မှာ..ယိမ်းနွဲ့ ကခုန် ရင်း..ပန်းပွင့် တေး တွေကို သံပြိုင် သီဆို ပြီး..အမြဲ ပဲ ပြုံးပျော် ရွှင်ပြ နေ ကြတယ်။ သူတို့ကို ..ပိန်းပန်း လေး ကတောင် ..ချစ်ခင် သတဲ့။ ပိန်းပန်း လေး ဆို တာက.. ဒီဥယျဉ် ထဲမှာ ..ဘယ်သူ နဲ့မှ မတူ အောင် အေးဆေး တည်ငြိမ် တဲ့ပန်း။ အတွေး အခေါ် ရင့်ကျက် ပြီး.. အရာရာ ကို ..မှန် မှန် ကန် ကန် သုံးသပ် နိုင်တဲ့.. ပန်းလေ။ သူဟာ လည်း..ပန်းကလေး ပဲမို့.. နားခို ရစ်ဝဲ ချင် သူ တွေ နဲ့ပေါ့။ ဒါပေမဲ့.. တွေ့ကြုံ လာတဲ့ အခြေ အနေ တွေကို.. တည်တည်ငြိမ် ငြိမ် နဲ့ ဆုံးဖြတ် လုပ် ကိုင်သွား တာပဲ။ ဘယ်သူ့ကို မှ..စကား တင်း မဆို သလို.. ဘယ်သူ့က မှ လည်း..မမုန်း ကြဘူးပေါ့။ သူ့ အတင်း ကို ပြော တာ ဆိုလို့.. စက္ကူ ပန်း တွေ သာ ရှိသတဲ့။ စက္ကူ ပန်း တွေကတော့.. အားလုံးနဲ့ ဝေးရာ..စည်းရိုးပေါ် မှာ..တွယ်ကပ် နေကြ ရင်း..ပန်းတကာ ရဲ့..အတင်းကို ဆိုကြတယ်။ အုပ်စုဖွဲ့ပြီး..ရယ်မော လှောင် ပြောင် လေ့ ရှိ ကြတယ်လေ။
ဒီလို နဲ့..တနေ့ တနေ့.. မိုးလင်း တာနဲ့.. ဥယျဉ် ထဲက.. ပန်းတွေဟာ.. တပွင့် တမျိုး ထင်တိုင်း ကြဲ နေကြတာ ပဲပေါ့။
တနေ့ တော့..ဥယျဉ် ပိုင် ရှင်ဟာ.. ဥယျဉ် ထဲ ကို ဆင်းလာ တယ်လေ။
အို.. ဘာပြော ကောင်းမလည်း.. ပန်းတွေ ဟာ..လည်တိုင် တွေ ကို မော့ ပြီး.. သူ့ထက်ငါ..အလှပြိုင် လိုက် ကြတာ.. ဥယျဉ် ကြီး တခု လုံး.. မွှေးကြိုင် ပြီး..အရောင် အသွေး တွေ စုံသွားတာ ပေါ့။
နောက် တနေ့ ကျ တော့..သတင်း တခု ထွက် လာပါရော.. ဥယျဉ် ပိုင် ရှင် ကြီး က..ဧည့်ခံ ပွဲ တခု အတွက်..ပန်းတွေ အကုန်လုံး ကို ခူးလိမ့် မယ် တဲ့။ အဲဒီ သတင်း လေး ကို သယ်လာ တာက.. နေရာ တကာ..စပ်စု တတ် တဲ့ လိပ် ပြာ လေးပဲပေါ့။
တမနက် လုံး..ပန်းတွေဟာ..စိတ်လှုပ် ရှား နေ လိုက် ကြတာ.. ပျော် နေ လိုက် ကြတာ..အမြင် ကပ် စရာ တောင် ကောင်း ရောပါပဲ။ ထူးထူး ခြား ခြား.. ပိန်းပန်း လေး တပွင့်သာ ပဲ.. တိတ် တိတ် ဆိတ် ဆိတ် နဲ့ ..တခု ခု ကို အလေး အနက် တွေးနေ သတဲ့။ အပျော် ဆုံး ကတော့..နှင်းဆီပန်း ကလေးပဲ.. ဖြစ်မယ် ထင်ပါရဲ့။ မမ နေကြာ ကတော့..ထုံးစံ အတိုင်း..ခပ်တည် တည် နဲ့ပေါ့။ ဘာကို မှ အလေး အနက် မထားတဲ့..ဒေစီ ကတော့..လူတွေ ထဲ ရောက် ရင်.. ဘယ်လို လှ အောင် နေရမလဲ..ဆိုတာ ပဲ..စဉ်းစား နေ တယ်တဲ့လေ။
မကြာ ပါဘူး..သူတို့အားလုံးဟာ..ဥယျာဉ် ပိုင် ရှင် ရဲ့..လက်ထဲ ကို ရောက်သွား ကြတယ်။ အဲဒီ အချိန် မှာ..သဘာဝ တရား ကြီးက.. အပြစ် မကင်းသလို..တိတ် ဆိတ် ငြိမ်သက် နေ တာကိုတော့..ဘယ်သူ မှ ..သတိ မထား မိ လိုက် ကြဘူး ပေါ့။
ရောက် ရောက် ချင်း..ဧည့်ခန်း ထဲ မှာ နေကြ သတဲ့။ သားနား သပ် ရပ် တဲ့ ..ဧည့်ခန်း နဲ့ အပြိုင်..သူတို့ အားလုံးဟာ.. အစွမ်း ကုန် ပွင့် လန်း နေ လိုက် ကြတာ။ အင်မတန်း ပနံ ရ နေ တာပေါ့။ လာသမျှ လူ တွေ ကလည်း..ချီးမွမ်း ကြတော့.. သူတို့ အားလုံး..ပျော် ကြ တာပေါ့။ နှင်းဆီ ပန်း ကလေး ကတော့..ပန်းအိုး ရဲ့ အလယ် ခေါင် တဲ့ တဲ့ ကနေ ပြီး..သူ့ကိုယ်သူ အရမ်း ကျေ နပ် နေ ပြီလေ။
နောက် တနေ့ ကို ရောက် လာတယ် ဆို ရင်ပဲ.. သူတို့ အားလုံး..ခြေကုန် လက်ပန်း ကျ လာ ကြတယ်။ အစွမ်း ကုန် လမ်းစွင့် ခဲ့ တဲ့.. နှင်းဆီ ပန်း လေး ဆို..ဟန် တောင် မဆောင် နိုင် အောင်ပါပဲ။ ဒီလို နဲ့ ..တနေ့သာ ကုန်သွားတယ်...။ ခြောက် သွေ့နေ တဲ့ အခြေ အနေ ကလည်း..ပိုပြီး ဆိုးရွား လာ စေ တယ်လေ ။
ဒီ နေ့ တော့..မမ နေကြာဟာ..မဟန် နိုင် တော့ပဲ..ခေါင်း ငိုက် စိုက် ကျ လာ တော့တယ်။ ဒေစီ ဆို တာ..ပြော စရာ တောင် မလို တော့ဘူး။ သူတို့ အခြေ အနေ ကို ..ဥယျာဉ် ပိုင် ရှင် မြင်သွားတဲ့ အခါ ကျ တော့.. ..ဘာလုပ် တယ် မှတ် သလဲ..။ ပန်း အိုး ကြီး ကို ..နောက်ဖေး သယ်သွား ပြီး... သူတို့ အား လုံး ကို..လွှင့် ပစ် လိုက် ပါရော။ အဲ ... သိပ် မညှိုး သေး တဲ့ သဇင် ပန်း လေး တွေ ကိုတော့.. ထုတ်ယူ ထား ပြီး.. အိမ် နီး နားချင်း တွေ ကို ပေးတယ်လေ။ ဒါ ကတော့..သဇင်ပန်း တွေဟာ..မျိုး ရိုး ဂုဏ် ဒြပ် ကြောင့်.. သူများတကာ ထက် ..အခွင့် အရေး ပို ရတာ မို့..ဆန်းတော့..မဆန်း ပါဘူးလေ။ သဘာဝ တရား မှာ လည်း..ချွတ်ယွင်း ချက် တွေ..ခြွင်းချက် တွေ ရှိ နိုင် တာပဲ..မဟုတ်လား။ ဒါပေမဲ့..အနှေး နဲ့ အမြန် ဆို သလို..သဇင် ပန်း လေး တွေဟာ လည်း.. နေ ရာမှန် တခု ကို ရောက် ရမှာပဲလေ။
ပိန်းပန်း လေး နဲ့..နှင်းဆီ ပန်း ကတော့.. မှောင် မဲ နေ တဲ့ ကြားက.. သတိရှိ ရှိ နဲ့..ပတ်ဝန်းကျင် ကို ..လေ့လာ နိုင် ကြသေးတယ်။ ရည်ရွယ် ချက် ကြီး မား ပြီး..ဇွဲ ကောင်းတဲ့..နှင်းဆီ လေး အတွက်က.. မျှော်လင့် ချက် ရောင်ခြည် လေး တခု ..ရှိ သေးတယ်လေ..။ နှင်းဆီ ပန်း ခြောက် ကလေး တွေ ကို..လူတွေ က..တယုတယ သိမ်း ဆည်း ထား တတ် တယ် ဆိုတာ.. သူက..ကြားဖူး နားဝ ရှိ ထား တာကိုး။ ဒါပေမဲ့..ဘယ်သူကမှ.. အမှိုက်ပုံး ထဲ လာ ပြီး..နှင်းဆီ ပန်း ခြောက် မကောက်ဘူး ဆို တာတော့.. သူ..သိမသွား ရှာပါဘူး။
အချိန် တွေ ကြာ လာတာ နဲ့ အမျှ.. အမှောင် ဟာလည်း ..ကြီးစိုး လာ ပြီပေါ့။ အဲဒီ အချိန် မှာ..ဥယျာဉ် ထဲ က..ပန်းပင် အသီးသီး မှာ.. ပန်းဖူးလေး တွေ က..အစီ အရီ နဲ့လေ..။ လိပ် ပြာ နဲ့ ပိတုံး ကတော့.. တလောက လုံး.. ဘာမှ..မဖြစ် ခဲ့သလို..ပန်းဖူး ပန်းငုံ လေး တွေ ကို..နောက်ပြောင်..ကျီစယ် နေ ကြ ပြန် တယ်တဲ့။
ကံကြမ္မာ စက်ဝိုင်း ကြီး လည်ပတ် နေ သေး သရွေ့..သဘာဝ တရား ကြီးက.. ဖန်တီး ခြယ် လှယ် နေ သေးသရွေ့ ..ပန်းပုံ ပြင် တွေ ဟာ လည်း.. အဆုံး မရှိ.. ဆက် လက် တည်ရှိ နေ ဦး မှာ ပါ ပဲ လေ။

Monday, December 8, 2008
Friday, November 14, 2008
ကျွန်တော် အားယားနေပါသည်။ ကျွန်တော် ပေါက်ကရရေးနေပါသည်။ ကျွန်တော် သတ်ပုံမှားတဲ့ညထဲ အိပ်မက်ဆိုးတွေ မက်နေပါသည်။ ကျွန်တော် မျက်စိစုံမှိတ်ထားပါသည်။ ကျွန်တော် စွတ်အော်နေပါသည်။ ကျွန်တော့် အနားမှာ ဘယ်သူမှ မရှိတော့ပါ။ ကျွန်တော့် အတွေးမှာ ဘာဆိုဘာမှ မရှိတော့ပါ။ ကျွန်တော့် စိတ်ကူးမှာ ဘောင်တွေကို ရိုက်ချိုးခဲ့ပြီ။ကျွန်တော့် အာရုံမှာ ရန်လိုမှုတွေကို ဥပက္ခောပြုခဲ့ပြီ။ကျွန်တော့် အဇ္ဈတ္တမှာ စိတ်ပျက်ခြင်း ဒီရေ တရိပ်ရိပ်တက်ခဲ့ပြီ။ကျွန်တော် သူများလမ်းချော်နေသည်ဟု ထင်လည်း ၀င်ပြောမည် မဟုတ်တော့။ကျွန်တော် လမ်းချော်နေသည်ဟု သူများက ထင်လျှင်လည်း ထိုအထင်သည် အထင်သက်သက်သာ ဖြစ်ကြောင်း ပြန်ပြောရန် မလိုတော့။ကျွန်တော် ၀မ်းချစရာ ပျားရည်လက်ကျန်လည်း မရှိတော့။ကျွန်တော် ကြားနေရသော စကားတွေမှာ ဇာတိပြသံတွေကြားနေရတာ မဆန်းတော့။ကျွန်တော် ဆုပ်မထားသော လက်သီးဖြင့် ကြိုးဝိုင်းထဲ မ၀င်လိုတော့။ ကျွန်တော် ချုပ်မထားသော ကြိုးဖြင့် အချည်မခံလိုတော့။ ကျွန်တော် မလိုက်လိုသူများကို လိုက်ခဲ့ဟုခေါ်ရန် ဆန္ဒကုန်ခမ်းခဲ့ပြီ။ ကျွန်တော် ဆွေးနွေးခြင်း၊ ရန်ဖြစ်ခြင်းကို သဲသဲကွဲကွဲ မသိသူများကို ထားခဲ့ပြီ။ကျွန်တော် လေတချွန်ချွန်ဖြင့် ကိုယ့်လမ်းကိုယ်ဆက်လျှောက်ခဲ့ပြီ။ ကျွန်တော် ကိုယ့်လမ်းကိုယ်ဆက်လျှောက်ပါမည်။ ကျွန်တော် ကိုယ်ရေးချင်ရာ ဆက်ရေးပါမည်။ကျွန်တော် ထုံးစံအတိုင်း ကိုယ့်သမိုင်း ကိုယ်ဆက်ရေးမည်။
Wednesday, November 5, 2008
အမေ
“အမေ”
အဲဒီလို
လွတ်လပ်စွာ လှောင်ပိတ်မိချိန်မျိုးမှာ
ကျွန်တော် ခပ်တိုးတိုးလေး ရေရွတ်မိသမျှ
အမေ့ကို သတိရတဲ့အကြောင်း
မျက်ရည်တွေနဲ့ စာလုံးပေါင်းပြမယ်
ကျွန်တော့်ရှေ့က ကွန်ပျူတာဖန်သားပြင်ဟာ
တစ်ကမ္ဘာလုံးကို အပေါ်စီးက ကြည့်နိုင်ပေမယ့်
အမေ့အိမ် မပါနိုင်ခဲ့တာ သား ရင်နာတယ်
အမေရယ်
အင်တာနက်ဆိုပေမယ့်
အမေ့လို မကြင်နာတတ်ဘူး
ကျွန်တော်ကတော့ ကူးလို့ခတ်လို့
ရောက်လိုရောက်ငြား
အိပ်မက်ချိုခါးတွေ တပွေ့တပိုက်နဲ့ပေါ့ အမေ
ပထမဆုံး လှေကားတစ်ထစ်အတွက်
သုံးနှစ်တိတိ ဖြတ်ရမတဲ့
ကျွန်တော့်ရင်ထဲက ငိုမဲ့မဲ့မျက်နှာဟာ
အမေ့ကို တမ်းတနေပါတယ်
ကျွန်တော် အကြိမ်ကြိမ်ခူးစားခဲ့ပေမယ့်
အရသာမခံစားတတ်ခဲ့မိတာ ခွင့်လွှတ်ပါ အမေ
အခုအချိန်ဆို
ဘယ်လိုပဲ ဝေေ၀
ကျွန်တော် အမေ့အနား နေခွင့်မရတော့ဘူး
အမေ့ဆီကစာ အကြိမ်ကြိမ်ဖတ်ရင်း
အမေ့ကို ပြင်းပြင်းရှရှရှူသွင်း
(ဒီလိုနဲ့ပဲ ... )
ကျွန်တော့် အဆုတ်ဟာ သန့်ရှင်းခဲ့ပေါ့ အမေ
တစ်ခါတစ်ခါ
ကျွန်တော်က သီချင်းဆို
ဂစ်တာက ငိုနဲ့
ကောင်းကင်တစ်ခုလုံး ပြိုကျမတတ် မှိုင်းညှို့
အမေရယ်
အလွမ်းတွေ ပျို့ပြီး သားအန်ခဲ့မိတာ
ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ ရှိခဲ့ပါပြီလဲ
အမေ
အမေ
အမေ
အခါခါခေါ်နေမိဆဲ
မိုးကလည်း မစဲသေး.. ။ ။

ချစ်သူကိုမေးရန်
ကောင်မလေးရေ…
ယုံကြည်မှုပင်လယ်အောက်
နှစ်ရှည်လများ ဆောက်ခဲ့တဲ့နေ့များမှာ
ကဗျာအပိုင်းအစတွေနဲ့
မဲ့ပြုံးတစ်ခုသာ မယ်မယ်ရရပိုင်ဆိုင်ခဲ့တဲ့ငါဟာ
ဘ၀မှာ ချစ်သူတစ်ယောက် လိုအပ်နေပါတယ်ဆိုရင်…။
တရေးနိုး .. ဟန်နီဖတ်ဖို့
တရေးနိုးကြယ်တွေ မျက်နှာသစ်တော့မှ
အိပ်ချင်စိတ်ကို ခဏအိပ်မွေ့ချထားမှန်း သတိရတယ်
ကဗျာတစ်ပုဒ်ကို အာရုံမှာ လွယ်ပိုးထားတာ လေးလို့ လေးမှန်းမသိ
အိကျလာတဲ့ ရင်ခုန်သံတွေထဲ
တစ်ချပ်မှောက်ဖဲတစ်ချပ်ကို နှစ်ထား
ပါးပါးလျလျ အနမ်းတွေ ရုံတင်နေပြီ ဟန်နီ..။
အိပ်ချင်စိတ်ကို ခဏအိပ်မွေ့ချထားမှန်း သတိရတယ်
ကဗျာတစ်ပုဒ်ကို အာရုံမှာ လွယ်ပိုးထားတာ လေးလို့ လေးမှန်းမသိ
အိကျလာတဲ့ ရင်ခုန်သံတွေထဲ
တစ်ချပ်မှောက်ဖဲတစ်ချပ်ကို နှစ်ထား
ပါးပါးလျလျ အနမ်းတွေ ရုံတင်နေပြီ ဟန်နီ..။
အိပ်မက်တွေ လက်တွေ့မဖြစ်မချင်း
ကဗျာဆရာက ပြောတယ်
လေးလုံးစပ်ကဗျာတစ်ပုဒ်လောက်နဲ့
ဟတ်မထိတော့ဘူး တဲ့။
စကားလုံးဆန်းဆန်းတွေက
စမ်းတ၀ါးဝါးနဲ့ ဟိုဝင်တိုက် ဒီဝင်တိုက်
ဘာလဲ.. မောလွန်းလို့ ဟိုက်နေသလား
ခဏ နားပြီးတဲ့အခါ
အရင်အတိုင်းပဲ ဒုန်းစိုင်းသွားတာပေါ့။
လေးလုံးစပ်ကဗျာတစ်ပုဒ်လောက်နဲ့
ဟတ်မထိတော့ဘူး တဲ့။
စကားလုံးဆန်းဆန်းတွေက
စမ်းတ၀ါးဝါးနဲ့ ဟိုဝင်တိုက် ဒီဝင်တိုက်
ဘာလဲ.. မောလွန်းလို့ ဟိုက်နေသလား
ခဏ နားပြီးတဲ့အခါ
အရင်အတိုင်းပဲ ဒုန်းစိုင်းသွားတာပေါ့။
Friday, September 26, 2008
Tuesday, September 16, 2008
ပန်းခြံ ညနေ…။ဒီနှစ်မှာတော့ နွေရာသီရက်တွေက တရွေ့ရွေ့နဲ့ ရှေ့ကို တိုးလို့သွားနေပေမယ့် လူက အေးအေးဆေးဆေး နေရတဲ့ ရက်တွေက မနှစ်ကထက်စာရင် အတော်ကြီးကို ပိုနည်းလာသလိုပါပဲ။ မနှစ်ကတုန်းကမှ မနက်၊ နေ့လယ်၊ ညနေ ဆိုပြီးတော့ စာတွေ ရေးနိုင်သေးတယ်။ ဒီနှစ်မှာတော့ အဲဒီလိုမျိုး ပတ်ဝန်းကျင် သရုပ်ဖော် ပို့စ်လေးတွေ မရေးဖြစ်ခဲ့တာ တော်တော် ကြာခဲ့ပါပြီ။ဒီနေ့ညနေမှာတော့ သွားစရာရှိတဲ့ အပွိုင့်မန့် တခုက ပျက်သွားတာကြောင့် မရောက်တာကြာတဲ့ ပန်းခြံဘက်ကို ထွက်ဖြစ်ခဲ့ပါတယ်။
Monday, September 15, 2008
ကိုယ်တိုင်ကနေတဲ့ပြဇါတ်
မိုးမျှော်တိုက်တွေမျှစ်ဆို့လိုပေါက်မြို့ပြရဲ့ညလမ်းပျောက်သူတွေအတွက်ခပ်ကျဉ်းကျဉ်း မျဉ်းတချောင်းခြားထားအသွေးအသားစတေးမလား၊ ပြေးမလား…..အလှပြငါးအသားစားကျားလူသားတိရစ္ဆာန်ရုံမှာတို့တတွေကကကြိုးပျောက်နေသူတွေပေါ့….အမှောင်တွေကြားကအပြာရောင်မီးဘဝတွေကို သိသိသာသာခြားအနာဂါတ်ဆိုတာမိုးကုန်စက်ဝိုင်းအလွန်ပစ္စုပ္ပုန်ငရဲအတိတ်တစ္ဆေမျက်ရည်ဝဲရုံမှအပဘ၀တွေ ခါးသက်သွားခဲ့……နောင်တတော့မရချင်ဘူးအမှားတွေကို မပြင်နိုင်သရွှေ့အတုတွေများလာတဲ့ခေတ်မှာငါကိုယ်တိုင်လဲ ခဏခဏ အငွေ့ပြန်ခဲ့ရလို့ပင်လယ်တခုလုံးလဲခမ်းခြောက်သွားခဲ့ပြီ…..ငိုလိုက်၊ရယ်လိုက်ပြုံးလိုက်၊မဲ့လိုက်အခုချိန်ထိ အဆုံးမသတ်တဲ့ဒီပြဇါတ်ဘယ်တော့မှ တခန်းရပ်မှာလဲ……..
Saturday, September 13, 2008
Thursday, September 11, 2008
ပထမမြောက် ရဲရင့်ခြင်းအဖြစ်အမေက ငါ့ကို ဆွဲဖွင့်တယ်ယမမင်းရဲ့ သြ၀ါဒက ပြက္ခဒိန်တွေကို ဟောင်းမြစေရဲ့ ။ငါ့ရင်ဘတ်ထဲမှာက မီးပွင့်ဖဲချပ်တွေ တစ်ထပ်ကြီးငါပြောလိုက်တဲ့ ဓါးသွားတစ်ခွန်းကနတ်ဆိုးအပေါင်းကို ရေမွန်းစေခဲ့ပြီ တဲ့။ငယ်ငယ်ဝံ့ဝံ့ လောဂဓံနဲ့ဆောင်းဦးလေပြည်ကို ပန်ချင်တဲ့ကောင်မရေးရသေးတဲ့ အက္ခရာတစ်ကြောင်းဟာဘယ်လက်နဲ့…..၀ှက်ထားတဲ့ ဗျက်စောင်းပါပဲ။သေနတ်တစ်လက်ရဲ့ ပြောင်းထဲမှာကျည်ဆံလို ငါဂူအောင်းခဲ့ဖူးတယ်ငါ့ဝိညာဉ်ထဲက မီးခိုးပျော့ပျော့သံများနက္ခတ်ဦးလို…..ပျံစေသား ။
Sunday, August 31, 2008
အချစ?
အချစ်သည်ကားထိုသို့သာတည်း . . ။မခေါ်ပဲနှင့်ပယောဂမဲ့ရောက်လာတတ်၏ ။မပြောမဆိုပဲတိတ်တဆိတ်စွန့်ခွာသွားတတ်၏ ။အလွမ်းတစ်သိန်းနှင့်ကျန်ရစ်သည်မှာနုနယ်သောနှလုံးသားများသာ ။အချစ်သည်ကားထိုသို့သာတည်း . .။ပိုင်ဆိုင်ချင်စိတ်ထက်ထွေးပိုက်ချင်စိတ်ကများ၏ ။တစ်ဖက်သားသည်ကားငြင်းဆန်ခြင်းနှင့်သာ မွေ့လျော်နေ၏ ။ကိုယ့်အတွက်ကားသူက ဘ၀အဖော်မွန် . .သူ့အတွက်ကားကိုယ်က ဘ၀အဟန့်အတား . .မရည်ရွယ်ပဲတိုက်ဆိုင်တတ်၏ ။အချစ်သည်ကားထိုသို့သာတည်း . .။စူးနင့်စွာချစ်မိတတ်၏ ။ရင်နင့်စွာစွန့်ခွာသွား၏ ။တစိမ့်စိမ့်လေးနှင့်တစ်ဘ၀စာလွမ်းနေတတ်၏ ။အချစ်သည်ကားထိုသို့သာတည်း . .။မျှော်တလင့်လင့်ဖြင့်စောင့်နေတတ်၏ ။ရှာဖွေပါလျက် မတွေ့ရှိမျှော်နေပါလျက် ရောက်မလာအလွဲတွေနှင့်သာ . .အလွဲတွေနှင့်သာ . . ။
ခါးတဲ့အတိတ်ရယ်နောက်ကအရိပ်လို မလိုက်ပါနဲ့တော့ . .အားလုံးမှားတတ်ကြတာပဲဘာဖြစ်လို့ ဒီအမှားလေးက၀ဋ်လည်လို့ မပြီးနိုင်ရတာလဲ . .ပေးဆပ်ခဲ့ပီးပဲနောက်ထပ် ဘာ ထပ်ပေးရဦးမှာလဲ . .ကိုယ်စိုက်ပျိုးတဲ့အပင်ကိုယ်ရိပ်သိမ်းနေတာပဲလေ . .စည်ပင်က ဘာလို့လာလာငြိနေရတာလဲ . .(အင်း နိုင်နံရေးတွေ ပါလာဘီ…)ဘ၀ဟာလည်းမိုးပြေးလေးပါပဲ . .မသည်းလောက်ဘူးထင်ခဲ့တာခုတော့ရွှဲစိုနေရပီ . .အသံသေးအသံညှောင်နဲ့အလှောင်ခဏခဏခံရတယ် . .နားနံရံတွေ ကွဲရော့မယ်..တော်ကြပါတော့ တော်ကြပါတော့ . . .ကံကြမ္မာ ဆော့ကစားတာကိုခါးကော့အောင်ခံခဲ့ပြီးပြီ . .ဒီလောက် ပိုးဆိုးပက်စက် နှိပ်စက်ရတော်ရောပေါ့ . .ချာတူးလန် နက်ဖြန်တွေရက်ကြိုမမှာကြနဲ့တော့ . .ခပ်ဖျော့ဖျော့ နှလုံးသားကိုနည်းနည်းလောက် သနားပေးပါ….
ပြန်ဆုံမယ်...
စက်ဝိုင်းတစ်ခု ကောက်ခြစ်မိပြန်ထွက်မရတော့မှ အပြစ်တင်မိတယ်.သေသေချာချာ ပြန်ကြည့်မှ သတိရငါက အထဲမှာရပ်လို့ စက်ဝိုင်းကိုဆွဲခဲ့တာကိုး…ဆီးကန့် မျဉ်းတစ်ကြောင်း ငါ့ရဲ့ ရင်ခွင်ကို လာခွဲတယ်.မင်း လိုက်ခဲ့မလားတဲ့ဟင့်အင်းကွာ.ငါ ညင်သာစွာနဲ့ပဲ ထွက်ခွာသွားချင်တယ်.ငြိုငြင်စွာ ထိုးခွဲသွားပြီးမှဒီစက်ဝိုင်းထဲက မလွတ်မြောက်ချင်ဘူး…ကော့ဒ်လေးတစ်ကြောင်း ငါ့နှုတ်ခမ်းကို လာနမ်းတယ်.သူ့ကို အခွင့်အရေးတစ်ခုပေးပါတဲ့ငါပြန်မေးလိုက်တယ်.မင်းရဲ့ အဆုံးသတ်က ဘာလဲ.သူ တွေဝေသွားခဲ့တယ်လေတကယ်တော့ကော့ဒ်လေးရဲ့ အစဟာ စက်ဝိုင်းရဲ့ တစ်ဖက်ဖြစ်ပြီးအဆုံးသတ်ကတော့ စက်ဝိုင်းပေါ်မှာပဲဖြစ်နေခဲ့တယ်သူ့အတွက် အကြီးမားဆုံး အခွင့်အရေးဟာဒိုင်ယာမီတာ ဖြစ်လာတာကလွဲလို့သူဟာ စက်ဝိုင်းထဲက လွန်မြောက်သွားနိုင်သူမှ မဟုတ်တာ.စက်ဝိုင်းထဲမှာ ပိတ်မိနေတဲ့ မျဉ်းတစ်ကြောင်းသာ ဖြစ်ခဲ့တယ်.နောက်ထပ်စက်ဝိုင်းတစ်ခု ငါ့ရဲ့ ကမ်းစပ်ကို လာထိတယ်.ဒီဖက်ကို လာခဲ့ပါလားတဲ့ငါမေးလိုက်တယ်.မင်းကရော နောက်ထပ် စက်ဝိုင်းတစ်ခုပဲမလားကူးပြောင်းခြင်းကလွဲလို့ ဘာမှဖြစ်မလာနိုင်တာမှာငါအသစ်အဆန်းတွေ မရှာချင်ဘူးခွင့်လွှတ်ပါနော်.တန်းဂျင့်မျဉ်းတစ်ကြောင်း ငါ့ရဲ့ ပါးပြင်ကို လာနမ်းတယ်.သွားကြရအောင်တဲ့လေသူက ငါ့ရင်ခွင်ကိုလည်း မခွဲဘူးစက်ဝိုင်းထဲမှာ ပိတ်မိနေသူလည်း မဟုတ်ဘူးနောက်ထပ် စက်ဝိုင်းတစ်ခုလည်း မဟုတ်ခဲ့ဘူးသူလမ်းညွှန်တဲ့နေရာမှာငြိမ်းချမ်းခြင်းတွေလွတ်လပ်ခြင်းတွေတည်ငြိမ်ခြင်းတွေပေါ့ပါးခြင်းတွေ…….ထူးခြားကောင်းမွန်တဲ့ ဂုဏ်သတ္တိတွေနဲ့ရယ်ပေါ့သူထပ်မေးတယ်.လိုက်မယ်မဟုတ်လားတဲ့အနားသတ်တလျှောက် အရှိန်ယူပြီး ငါပြေးခဲ့တယ်.တန်းဂျင့်မျဉ်းလေးနားအရောက်မှာငါဟာ ညင်သာစွာနဲ့ပဲ လမ်းကြောင်းကူးပြောင်းခဲ့ပြီ.လွတ်လပ်ပေါ့ပါးစွာအတားအဆီးကင်းမဲ့စွာအရွဲ့အစောင်းတို့မှ ဝေးရာအတွေးအမျှင်တို့အောက်မှ လွတ်မြောက်ရာ…ထိုတစ်နေရာဆီကိုပေါ့….လွမ်းလိုက်တာမင်းရှိတဲ့နေရာကို မှန်းရော်ကြည့်မိတော့အိုး…မင်းမှာလည်း တန်းဂျင့်မျဉ်းလေးတစ်ကြောင်းနဲ့ပေါ့ငါသိပ်ဝမ်းသာတာပဲ.ဟိုဖက်မှာ ပြန်ဆုံကြမယ်နော် ချစ်သူ…(ရေခဲငှက်)အဓိပ္ပါယ် ရှင်းလင်းချက်…ဆီးကန့် = Secant ကော့ဒ် = Chordဒိုင်ယာမီတာ = Diameterတန်းဂျင့် = Tangentစက်ဝိုင်းပေါ်မှာ ရှိတဲ့ အမှတ်နှစ်ခုကို ဆက်သွယ်ပေးထားတဲ့ မျဉ်းပိုင်းကို ကော့ဒ်လို့ ခေါ်ပါတယ်. မြန်မာလိုတော့ “လေးကြိုး” လို့ခေါ်ပါတယ်.A segment that connects two distinct points on a circle is called a chord.စက်ဝိုင်းရဲ့ ဗဟိုကို ဖြတ်ကျော်သွားတဲ့ ကော့ဒ်ကိုတော့ ဒိုင်ယာမီတာ (အချင်းမျဉ်း) လို့ ခေါ်ပါတယ်.A chord that passes through the center of a circle is called a diameter.စက်ဝိုင်းကို အမှတ်နှစ်ခုမှာ ဖြတ်သွားတဲ့ မျဉ်းကြောင်းကိုတော့ ဆီးကန့်လို့ခေါ်ပါတယ်. မြန်မာလိုပြောရရင်တော့ မျဉ်းဖြတ်ပါ. ၀န်းဖြတ်မျဉ်းလို့လည်း မြန်မာလို ပြောတတ်ကြပါသေးတယ်.A line that intersects with the circle at exactly two points is called a secant (line).မျဉ်းကွေးကို ဖြတ်ကျော်သွားခြင်း မရှိဘဲ အမှတ်တစ်မှတ်မှာ ထိနေတဲ့ မျဉ်းကြောင်းကို တန်းဂျင့်မျဉ်းလို့ ခေါ်ပါတယ်. မြန်မာလိုနီးစပ်အောင်ပြန်ရရင်တော့ “၀န်းထိမျဉ်း” လို့ ဆိုကြပါတယ်.A line that touches a curve at a point without crossing over is called a tangent (line).Ref:http://www.mathwords.com/t/tangent_line.htmhttp://www.bfoit.org/Intro_to_Programming/psu/circleDef.html
စာရေးသူ >> ရန်အောင် at 11:29 AM
Friday, August 29, 2008
Friday, August 22, 2008
ဆုံဆည်းခွင့်
....လျှောက်လှမ်းနေတဲ့ ခြေလှမ်းတစ်စုံ
ရပ်တန့်သွားပေမယ့်
ရေတံခွန်ပမာစီးဆင်းနေတဲမျက်ရည်တွေက
အရှိန်ပြင်းနေဆဲ..... . . .
''ကလစ်'' ''ဂျောက်'' ''ကျွီ''
ပွင့်လာတဲ့တံခါးရဲ့နောက်ကွယ်မှာ
ရပ်တန့်ငေးမောနေတဲမျက်ဝန်းတစ်စုံ
တစ်လှမ်းချင်းလှမ်းလာတဲခြေလှမ်းတွေနဲအတူ
စီးကျနေတဲမျက်ရည်တစ်စက်...
ပတ်ဝန်းကျင်ကငါ့အတွက်တော့မှောင်မိုက်တယ်လို.ထင်ရပေမယ့်
အဲဒီညကလပြည့်ည..
သူများတွေသာယာပေမယ့်
ပူဆွေးနေသူတစ်ယောက်..
ရပ်တန့်မသွားတဲခြေလှမ်းတွေနဲ
ချမ်းစိမ့်စိမ့်လေအေးတစ်ချက်...
နှလုံးသားထဲကနေဆယ်စင်းနဲ့
ပတ်ဝန်းကျင်ကဆောင်းရာသီ
အားပြိုင်အံတုခုခံဆဲ...
သူ......
လောကကြီးထဲကနေထွက်ခွာသွားပြီ။
ကံကြမ္မာကိုပဲရိုးမယ်ဖွဲရမလား?
မဖြစ်နိုင်တာကိုမှတမ်းတမိနေသလား?
လျှောက်လှမ်းနေတဲခြေလှမ်းတစ်စုံ
ရပ်တန်.သွားပေမယ့်
ရေတံခွန်ပမာမျက်ရည်တွေက
အရှိန်ပြင်းနေဆဲ......
သူ......
သူမရှိတဲလောကကြီး.....
ဒီလောကကြီးထဲမှာ
ဘယ်လိုနေရမလဲ...
ဆုတောင်းနေမိတယ်
လာခေါ်ဖို. ...
နေ.ရက်တွေ
ကုန်ဆုံးပျောက်ကွယ်နေပြီ.......
မမြင်နိုင်တဲနေရာမှာ.....
ချစ်သူနှစ်ဦးပေါင်းဆည်းနိုင်ပါစေ......
အောင်ရဲထွန်း