* ဆိုးမိုက်လှတဲ့ သားကို
ထွေးပိုက်လို့ ထားခဲ့ လို့ တဲ့ 
အမေ့ ရဲ့ လက်တွေ.........
* ပုဆိုးခါးပိုက်ကိုဆွဲလို့ 
ဇိုးဇတ်နဲ့ ဆုံးမခဲ့ တဲ့ 
အမေ့ ရဲ့ လက်တွေ.......
* ကျင့်ရေးသင်ရာ
ထောက်ကူပါခဲ့ တဲ့ 
အမေ့ ရဲ့ လက်တွေ..........
* မသိတမျိုးသိတမျိုးနဲ့ 
အလိုရှိတိုင်း
မုန့် ဖိုးပေးခဲ့ တဲ့ 
အမေ့ရဲ့ လက်တွေ........
* ထူးလောက်အောင်စွမ်း
ရူးလောက်အောင်လွမ်းခဲ့ တဲ့ 
အမေ့ ရဲ့ လက်တွေ...........
အမေ့ ရဲ့ လက်တွေ...........
အမေ့ ရဲ့ လက်တွေ............
* သံသရာမှာကံပါလို့ 
ပြန်ဆုံခွင့်ရရင်
အမေ့ ရဲ့ လက်တွေအောက်မှာ
သားမောင် ကိုလိမ္မာခွင့်ပြုပါ။။။။။။။