လွမ်းတယ်...
ထားဝယ်မြို့ကြီးကိုလွမ်းတယ်...
မနက်တိုင်းတို့ဖူးနွေးသွားစားတဲ့ မာကျူရီကိုလွမ်းတယ်...
ညဘက်သူငယ်ချင်းတွေနဲ့ထိုင်ဖြစ်တဲ့ ပွင့်ဦးက ကိုးရီးယားတုတ်ထိုးကိုလွမ်းတယ်...
မောင်းမကန်သွားတိုင်းစားဖြစ်တဲ့ မရင်ဆိုင်က ပင်လယ်စာထမင်းကြော်ကိုလွမ်းတယ်...
အိမ်ရှေ့ဝက်သားကင်ဆိုင်က အခေါက်ကင်သုပ်ကိုလွမ်းတယ်...
သောကြာပြင်က ဘဲသားသုပ် နဲ့ ဆန်ပြုတ်ကိုလွမ်းတယ်...
3D ကကြေးအိုးဆီချက်. miss you ကပုစွန်အစိမ်းသုပ်. ကြက်လျှာစွန်းက ခေါက်ဆွဲကြော်. ဒေါ်ကြီးဆိုင်ကမုန့်ဟင်းခါး. စိုးစံပြကကွေးတရို့ကြော်.ရွှေဝယ်သီရိက မလိုင်.နံပြား တွေကိုလွမ်းတယ်... လွမ်းတယ်...လွမ်းတယ်...
ဆောင်းတွင်းမှာ စွတ်ကျယ်အကျီနဲ့ဆိုင်ကယ်စီးတဲ့အရသာကိုလွမ်းတယ်...
မနက်စောစော ထန်းပင်တန်းက ထန်းရည်ချိုမြမြ ကိုလွမ်းတယ်...
ဘုရားလှည့်.သပိတ်မျှော.သင်္ကြန်.တရုတ်ညဈေး. နဲ့ ဘုရားကြီးကဘုရားပွဲတွေကိုလွမ်းတယ်...
အခုထားဝယ်မှာမရှိတော့တဲ့ကောင်မလေးတစ်ယောက်ကိုလည်းလွမ်းတယ်...
စာအုပ်အသစ်ရောက်တိုင်းချန်ပေးထားတဲ့ မြကြေးစည်သံကိုလွမ်းတယ်...
ညဘက်ရောက်တိုင်းဂစ်တာတီးခဲ့တဲ့နေ့ရက်တွေကိုလွမ်းတယ်...
ကင်းတဲလေးမှာပေါ်ကာဆွဲတဲ့အချိန်တွေကိုလွမ်းတယ်...
ရွှေဝယ်သဇင်ကဘီယာအေးအေးလေးကိုလွမ်းတယ်...
အထက(၁)မှာ ပြန်မရနိုင်တော့တဲ့ကျောင်းသားဘဝကိုလွမ်းတယ်...
လွမ်းတယ်...
လွမ်းတယ်...
လွမ်းတယ်...
ထားဝယ်ရယ် မင်းနဲ့ငါဘယ်တော့မှပြန်ဆုံမှာလဲ
WRITTEN
my new friend ko သံလွင် HeRo
singapore
No comments:
Post a Comment
satzin2013@gmail.com