ထားဝယ်မြို့ ကငါ့အတွက်ကံမကောင်းခြင်းတွေ သာရှိပါသည်
ဘယ်အရပ်မှာငါ့အတွက်ကံကောင်းခြင်းရှိမည်နည်း
ကံကောင်းခြင်းရှိတဲ့အရပ်ကိုသိရင်ပြောပေးကြပါ
Pages
▼
Tuesday, December 8, 2009
လိပ်မိသားစုပျော်ပွဲစား
ဟိုးရှေးရှေးတုန်းက လိပ်မိသားစုတစ်စုဟာ ပျော်ပွဲစားထွက်ဖို့ ပြင်ဆင်ကြပါတယ်။ သူတို့ သဘာဝကိုက နှေးကွေးတဲ့ လိပ်တွေဟာ ပျော်ပွဲစားထွက်ဖို့ ပြင်ဆင်တာလည်း ၇ နှစ်တောင် ကြာပါတယ်တဲ့။ နောက်ဆုံးတော့ လိပ်မိသားစု အိမ်ကထွက်လာပြီး သင့်တော်တဲ့နေရာကို ရှာကြပါတယ်။ ထွက်လာပြီး ၂ နှစ် အကြာမှာတော့ သူတို့အတွက် အကောင်းဆုံးနေရာ တစ်ခုကို ရှာတွေ့သွားကြပါတယ်။
အဲဒီနေရာကို သန့်ရှင်းရေးလုပ်တာတို့ ပျော်ပွဲစားအတွက် စားစရာတွေကို ခြင်းတောင်းထဲက ထုတ်ပြီး ပြင်ဆင်တာတို့ကိုတော့ ၆ လအကြာမှာ ပြီးစီးသွားပါတယ်။ အဲဒီအခါကျမှ သူတို့ ဆားမေ့ကျန်ခဲ့တာကို သိလိုက်ရပါတယ်။ ဆားမပါတဲ့ ပျော်ပွဲစားက ဘယ်လိုမှ ကောင်းနိုင်မှာ မဟုတ်ဘူးလို့ သူတို့ထင်တယ်။ အဲဒီကိစ္စကို အကြာကြီး ဆွေးနွေးအပြီးမှာတော့ အငယ်ဆုံးလိပ်ကလေးကို အိမ်မှာ ဆားပြန်ယူဖို့ ရွေးချယ်ပြီး တာဝန်ပေးလိုက်ကြပါတယ်။ မိသားစုထဲမှာ အမြန်ဆုံးဖြစ်တဲ့ လိပ်ကလေးဟာ လူးလှိမ့်ပြီး ငိုယိုပါတော့တယ်။ နောက်တော့ ကတိတစ်ခုတောင်းပြီးမှ သွားမယ်လို့ သဘောတူပါတယ်။ ကတိကတော့ ဘယ်သူမှ သူပြန်မရောက်မချင်း အစားအသောက်တွေကို မစားပါဘူး ဆိုတဲ့ ကတိပါပဲ။ တမိသားစုလုံးက သဘောတူလိုက်တော့မှ လိပ်ကလေး ထွက်သွားပါတော့တယ်။
သုံးနှစ်ကြာတဲ့အထိ လိပ်ကလေး ပြန်ရောက်မလာပါဘူး။ ငါးနှစ်... ခြောက်နှစ်... ခုနစ်နှစ်မြောက် လာတဲ့အခါမှာတော့ အသက်အကြီးဆုံး လိပ်ကြီးက ဗိုက်ဆာတဲ့ဒဏ်ကို မခံနိုင်ရှာတော့ပါဘူး။ ဒါကြောင့် သူတော့စားတော့မယ်လို့ ပြောပြီး အသားညှပ်ပေါင်မုန့်ထုပ်ကို ဖွင့်လိုက်ပါတော့တယ်။ အဲဒီအချိန်မှာပဲ လိပ်ကလေးက သစ်ပင်အနောက်ကနေ ရုတ်တရက်ထွက်လာပြီး အော်ပြောလိုက်ပါတယ်။
"တွေ့လား! သားကို စောင့်ကြမှာ မဟုတ်ဘူးဆိုတာ သိသားပဲ။ တော်ပြီ ဆားသွားမယူတော့ဘူး..."
လူတချို့ဟာ တခြားလူတွေကို ကိုယ်မျှော်လင့်ထားသလိုလုပ်ပေးဖို့ စောင့်မျှော်ရင်းနဲ့ပဲ ကိုယ့်အချိန်တွေကို ဖြုန်းပြစ်တတ်ကြတယ်။ သူများတွေ ဘာလုပ်သလဲဆိုတာကို အလေးထား စိတ်ဝင်စားနေရတာနဲ့ပဲ ကိုယ့်အတွက်တောင် ဘာမှမလုပ်ဖြစ်လိုက်ကြဘူး။
သူငယ်ချင်းတယောက်ပို့ ထားတာကိုတင်ပြပေးထားပါတယ်

နင့်ယုံတမ်းစကားတွေ
လာလာပြီးပြောမနေနဲ့တော့
မင်းကိုချစ်ပြီးတဲ့နောက်
နင့်စံတော်ချိန်နဲ့အသက်ရှုတတ်လာတယ် ။
မင်းကိုချစ်ပြီးတဲ့နောက်
ငါမိုးတိမ်တွေဟစ်အော်ပြီးငိုကြွေးတယ် ။
မင်းကိုချစ်ပြီးတဲ့နောက်
ငါ့ဝတ်မှုန်တွေခဏခဏအိပ်မောကျတယ်။
မင်းကိုချစ်ပြီးတဲ့နောက်
ငါ့အိပ်မက်တွေညညဆိုယောင်ယောင်ပြီးထထအော်တယ်။
မင်းကိုချစ်ပြီးတဲ့နောက်
ငါ့ကဗျာတွေဓမ္မဓိဌာန်ကျကျအသည်းကွဲတယ် ။
မင်းကိုချစ်ပြီးတဲ့နောက်
ငါဆိုတဲ့ကောင်ကအိပ်ရေးပျက်ကြယ်ဝင်စားဖြစ်သွားတယ် ။
မပတ်သက်ချင်စမ်းပါနဲ့
အပူချိန်မြင့်တက်လာရုံပဲရှိမယ်
အဝေးထွက်သွားတိုင်းဝေးသွားရောလား
အငွေ့ပျံတိုင်း ပျောက်ကွယ်သွားရောလား
ပြောစမ်းပါ ပြောကြည့်စမ်းပါ
မေ့ချင်ယောင်ဆောင်ခြင်းဆိုတာက
မမှတ်မိတဲ့ရောဂါ တစ်မျိုးလား
နင်ဟာငါမဟုတ်သလိုငါဟာလည်းနင်မဟုတ်ဘူး
ငါ့အရိပ်ကိုနင်မပိုင်သလိုနင့်အရိပ်ကိုလည်းငါမပိုင်ဘူး
ငါတို့က အရင်းနှီးဆုံး သူစိမ်းတွေပဲ
တော်ပြီ
ငါတို့ဇာတ်လမ်း ဒီမှာတင်တစ်ခန်းရပ်မယ်

Monday, November 23, 2009
တနင်္သာရီနယ်သား ပီသစေဖို့ရာ
(က)တနင်္သာရီတိုင်းရဲ့ မူလဇစ်မြစ်
ကောဇာသက္ကရာဇ် ၈၅ ခုနှစ် ၊ (ခရစ် ၇၂၄) ယောနကတိုင်း သာဂရ ပြည် (ကြင်မိုင်း) ကျမိုင်းမြို့တော်၌ ထီးနန်းအုပ်ချုပ်မင်းလုပ်သော ခမာမင်းဆက် ကျမိုင်းမင်းကြီး၏ တောင်နန်းမတော် မိဖုရားကြီးတို့မှ ဖွားမြင်သော သားတော်နှစ်ကျိပ်တို့သည် အရွယ်သို့ရောက်သော် မြို့သစ်၊ရွာသစ် ထူထောင်ရန် နေပြည်တော်မှ ထွက်ခွာခဲ့ကြသည်။
ထိုနှစ်ကျိပ်သော မင်းသားများမှာ၊ သက္ကရာဇ် ၁၁၇ (၇၅၆)ခုနှစ်တွင် ယခု ကော့ကရိတ်မြို့နယ် ၊ကော့ဘိန်း အရပ်၌ ရမ္ဗပူရ၊ ရမ္ပ၀တီ နှစ်မည်ရမြို့ ကိုတည်သည်။
သက္ကရာဇ် ၁၄၅(၇၈၄) ခုနှစ်တွင် ယခုမြိတ်မြို့ မှ တောင်ဘက်မိုင် ၅၀ခန့် အကွာ ကက်သရင်းကျွန်း(ကန်မော်ကျွန်း) တွင် ကြက္ကလင်းမြို့ ကို တည်သည်။ကြက္ကလင်းမြို့ ၏ တစ်ကျိပ်သောမင်းတို့တွင် နောက်ဆုံးမင်းဖြစ်သော ဗြမုဒ္ဒရီမင်းသည် ထီးနန်းအုပ်စိုး၍ နှစ်နှစ်ကြာသောအခါ သက္ကရာဇ် ၂၆၃ (၉၀၂) ခုနှစ် တွင်ယခု တနင်္သာရီမြို့၊ ပ၀ကျေးရွာ၊
အုန်းပင်ကွင်း အရပ်၌ ထောင့်ကွာမြို့ (ကောသမ္ဘီမြို့) ကို တည်သည်။ ထောင့်ကွာမြို့ တွင် နှစ်ပေါင်း(၂၂၀) ၊မင်းဆက်၄၉ ဆက်စံရာ၊ ဗြစက္ကပိတ်မင်းမှာ နောက်ဆုံးမင်း ဖြစ်လေသည်။
ထိုမင်းလက်ထက် သက္ကရာဇ် ၄၈၄ (၁၁၂၃) ခုနှစ်သို့ ရောက်သောအခါ ထိုထောင့်ကွာမြို့မှ ပြောင်းရွှေ့ ၍ ယခုတနင်္သာရီမြို့နယ်၊ မော်တုန်းရွာ၊အရှေ့မြောက်ဘက်တွင် ဘန်ရှောင်မြို့ကိုတည်သည်။ ထိုမြို့သစ်တွင် တစ်နှစ်သာစံပြီး သားတော် များထားခဲ့ကာ မြစ်ညာသို့ တက်လျက် သိန္ဒောရွာ အထက်၌် သက္ကရာဇ် ၅၁၄(၁၁၅၃) ခုနှစ်တွင် အောင်သာဝရမြို့ကို ဆက်၍တည်လေသည်။ ထို့သို့ အောင်သာဝရမြို့ ကို တည်ပြီး၍ နန်းဆက် (၄၅)နှစ်တွင် ဗြံစက္ကပိတ်မင်းနတ်ရွာစံ တော်မူသောကြောင့် သားတော် ပရမရာဝါမင်းက ထီးနန်းဆက်လက်စိုးစံတော်မူလေသည်။
ဗြံစက္ကပိတ်မင်းသည်မှ မင်းဆက် ၅ဆက်နှစ်ပေါင်း ၁၁၇နှစ်၊ ထီးနန်းစိုးစံခဲ့ကြပြီး၊သက္ကရာဇ် ၆၃၀ (၁၂၆၉) ခုနှစ်တွင် ကျမိုင်းမင်းဆက်ကုန်ဆုံးလေတြေ့သည်။ထိုအခါ သမီးတော်တစ်ပါးသာ ရှိသောကြောင့် မှူးမတ်ပညာရှိတို့တိုင်ပင်ကြ့ပီး အရုဇ္ဇယတိုင်း၊ သာဂရပြည်ရှင် လင်ဇင်းမင်းကြီးက မိမိ၏သားတော် သုံးပါးအနက် အလယ် သားတော်ဖြစ်သော ဧကဒယ်ရာဇာ ကို ပေးအပ်သည်။ ထိုမင်းသားသည် မှူးမတ်ပညာရှိတို့နှင့်လိုက်ပါလျက် သမီးတော်ကို သိမ်းပိုက်ပြီး အောင်သာဝရမြို့၌ ခေတ္တနန်းစိုက်၍ သက္ကရာဇ် ၆၃၅ (၁၂၇၄)ခုနှစ်တွင် ခရင်းသေအရပ်၌ မြို့သစ်ထူထောင်သည်။ထိုမြို့ကို တနင်္သာရီမြို့ဟု ယနေ့တိုင်ခေါ်ဆိုနေဆဲဖြစ်လေည်။
ယောနကတိုင်းအမည်ကိုပျောက်စေ၍ တနင်္သာရီတိုင်းဟုတွင်စေသည်။
(ခ)တနင်္သာရီမြို့နှင့် တနင်္သာရီစကားလုံးဆင်းသက်လာပုံ
အောင်သာဝရမြို့ကိုတည်ရာ၌ ဗြံစက္ကပိတ်မင်းနှင့်ထိုမြို့တည်ရာမြစ်ညာအရပ်မှလူ
အသွင်ဖန်ဆင်းထားသောနဂါးမင်းတို့ တွေ့ဆုံပြီးမင်္ဂလာရှိသောအရပ်ဖြစ်၍ မြို့ရွာတည်ဆောက်သင့်ကြောင်း တည်လိုပါက မိမိနှင့်တကွ နဂါးများအားလုံးက၀ိုင်းဝန်းတည်ဆောက်ပေးကြ
မည်ဟုဆိုရာ ဗြံစက္ကပိတ်မင်းကဤသို့အကူအညီပေးလျှင်တည်ထောင်မည်ဟုဆိုသည်။
နဂါးမင်းမြို့တည်ရာသို့မိန်းမခေါ်လာခြင်းမပြုပါကအပြီးတည်ဆောက်ပေးမည်ဟုကတိတောင်းခံရာသဘောတူလျက်တည်ထောင်ကြလေသည်။
မြို့အတန်အသင့်ပြီးစီးချိန်တွင်ဗြံစက္ကပိတ်မင်း၏အငယ်ဆုံးမိဖုရားကလိုက်ပါလိုကြောင်းအတန်တန်ပြောဆိုလာသဖြင့်လိုက်လျောပြီးလှေ၏အလယ်တွင် ဖန်ပေါင်းချောင်ပြုလုပ်ထားရှိလျက်ကြည့်ရှုစေသည်။မြို့တည်ရာတွင် မြို့ရိုးကျောက်တုံးကြီးများစီခြင်း၊သယ်ခြင်းနှင့်မြို့အဆောက်အအုံများဆောက်ခြင်းကို မင်းကြီးနှင့်နဂါးမင်းသာကြည့်ရှုနေခိုက်ဖောင်အတွင်းမှအလန့်တကြားအော်ဟစ်သံကြားလိုက်ရသည်။
နေ့လည်စာပွဲတော်တည်ရာတွင်နဂါးမင်းက မင်းမှာသစ္စာ လူမှာကတိ ဆိုသည့်အတိုင်း ကတိမတည်ပဲမိန်းမခေါ်လာခြင်းမှာ နိမိတ်ဆိုးများ တွေ့ကြုံရကြောင်း အပြစ်တင်သည်။ မင်းကြီးကအလွန်မကျေနပ်ဖြစ်ကာ နဂါးမင်းအား စားနေဆဲလက်မှ ခရင်းဖြင့်နဂါးမင်း၏လည်ဂုတ်ကိုထိုးသတ်လိုက်ရာနဂါးအသွင်သို့ ရောက်ရှိပြီး လူးလိမ့်သေဆုံးသွားခဲ့သည်။
ထိုနဂါးသေအားရေထဲသို့တွန်းချလိုက်သဖြင့် မြစ်ကြောအတိုင်း စုန်ဆန်မျောပါသွားတော့သည်။ မြို့ရွာတည်နေသောနဂါးများအားလုံးဘောဂ၀တီနဂါးပြည်သို့ပြန်ကုန်သဖြင့်မင်းကြီးကပြီးအောင်ဆက်လက်တည်ထောင်ပြီး အောင်သာဝရမြို့တော်ဟုသမုတ်သည်။
နဂါးမင်းမျောဆင်းလာရာမှ တနင်္သာရီမြို့အ၀င် တောင်ကုန်းတစ်ခုတွင် လာကပ်နေ၍ နဂါးကပ်တောင်ထိုမှ ကာလကြာရွှေ့လျှော ခေါ်ဝေါ်ရာတွင်န၀ထပ်ဟုခေါ်သောယခုန၀ထပ်တောင်ဖြစ်သည်။ နဂါးသေ ကပ်နေရာမှ ဆက်လက်ရွေ့မျောပြီး ယခုတနင်္သာရီမြို့တည်ရာ အစွန်းတွင် နဂါးတင်နေ၍ ခရင်းခွဖြင့်ထိုး၍ သေသောနဂါးမင်းတင်ရာအရပ်ကိုခရင်းသေအရပ်ထိုမှ တနင်္သရေ ၊တနင်္သာရီမြို့ဖြစ်လာသည်။
(ဂ)တနင်္သာရီ စကားလုံး၏ အဓိပ္ပာယ်
တနင်္သာရီ စကားလုံး၏ အဓိပ္ပာယ်ကို ပညာရှင်အမျိုးမျိုးက ရှုထောင့်အမျိုးမျိုးမှအနီးစပ်ဆုံး သုံးသပ်ကြံဆ ရေးသားခဲ့ကြသည်။ မလေးဘာသာစကားတွင် တာနားဆရီး စကားလုံး အရ အဓိပ္ပာယ်ပြုလျှင်
တနင်္သာရီဟူသော ဝေါဟာရသည် တာနား =ပန်းများပွင့်လန်းခြင်း၊ ဆရီး=မြေ-
(ပန်းများပွင့်လန်းရာမြေ) ဟု လှပစွာအဓိပ္ပာယ်ရသည်။
တနင်္သာရီကို လူတော်တော်များများက တနင်သာရီဟု အသံထွက်ခေါ်နေ
ကြသည်မှာ ဘ၀င်မကျစရာတွေ့ရသည်။ တနင်္လာနေ့ကို တနင်းလာနေ့ဟု အသံထွက်ယူသလို တနင်္သာရီကို တနင်းသာရီ ဟု အသံထွက်ခြင်းသာဖြစ်သည်။ထို့အပြင် မူလကတည်းက ခရင်းသေ--တနင်းသရေ-တနင်္သရေ-တနင်္သာရီ ဟူ၍ အဆင့်ဆင့် ဆင်းသက်လာသည်မို့တနုင်္သာရီကို တနင်းသာရီဟု အသံထွက်ယူလျှင်ပိုပြီး အဓိပ္ပာယ်ပြည့်မည်ဖြစ်သည်။
(ဃ)တနင်္သာရီနှင့် ကဗျာအတွေး
သတင်းဖြာကြည် တနင်္သာရီ နယ်မှာဖြင့်
သီချင်းကဗျာသီ စာစီပြသနော်
ရေးမမီ ဆေးပန်းချီ ဝေကြည်ရွှန်းမြ
ရွှေရည်သွန်းချ အလှဂုဏ်ဖော် …..ပြီး စာရေးသူ ကဗျာတွေ အများကြီးရေးဖြစ်ပါသည်။ရောက်တဲ့နေရာတိုင်း တနင်္သာရီ အလှတွေ အကြောင်းကို ပြောဖြစ်သည်။ စာရေးဆရာတစ်ဦးက တနင်္သာရီ မြစ်ထဲ လှေစီးရင်း တနင်္သာရီ အလှ တွေဟာ ကမ္ဘာမှာအလှတွေ ပေါင်းစုံရှိတယ် ဆိုတဲ့ ဆွမ်ဇလန်နိုင်ငံမှာတောင် ဒီလိုအလှမျိုးကို မီမှာမဟုတ်ဘူးလို့ ပြောဖူးသည်ကို
မှတ်သားဖူးသည်။ ကဗျာအတွေးနှင့်ဆက်စပ်ပြီး- စာရေးသူ ရဲ့ တနင်္သာရီ အမှတ်တရ ကဗျာလေးကို လက်ဆောင်ပေးလိုက်ပါသည်။ (၂၀၀၃ သြဂုတ်လ ထုတ် ၊ရွှေသာရီ မဂ္ဂဇင်းတွင် ရေးသားခဲ့သောစာရေးသူရဲ့ ကဗျာ
ဖြစ်ပါသည်။)ထိုကဗျာလေးထဲမှ အမေးအဖြေကဗျာအတွေးနှင့် ဇာတိမြေချစ်စိတ်များ ပေါ်ပေါက်လာရင် သည်ဆောင်းပါး ရေးရကျိုးနပ်ပါပြီ….။
တနင်္သာရီသား မပီသသေးပါ
အိုဘယ့္လူသား..တနသၤာရီၤသားဟုတ္စြ
ဗုဒ္ဓဂါယာ မြေအနှံ့
ခြေဆန့်လှည့်လည်ဖူးပါသလား။
လှည့်လည်ဖူးဖြစ်
တစ်ကြိမ်မက၊ ခဏခဏ။
အိုဘယ့်လူသား..တနင်္သာရီင်္သားမှန်လျှင်
ပုဂံမြေတစ်ခွင်
ခရီးနှင်လေ့လာဖူးပါသလား။
လေ့လာဖူးတာမှ
နေရာအနှံ့နှံ့၊ခြေရာခြင်းထပ်။
အိုဘယ့်လူသား..တနင်္သာရီင်္သားဖြစ်ပေ
ရွှေတိဂုံခြေရင်း
ဝပ်စင်းပူဖော်ဖူးပါသလား။
ပူဇော်သည့်ရက်
ရေတွက်မရ၊ အကြိမ်ကြိမ်ဗျ။
အိုဘယ့်လူသား..တနင်္သာရီင်္သားအသင်
တနင်္သာရီတစ်ခွင်၊၀တ်ဆင်ဘုရားတစ်ဖြာ
ဝင်္ဂဘာအပြင်၊ရင်ပြင်ခြေတော်ရာတောင်ကလပ်
အထပ်ထပ်စုံလင်၊ဦးတော်တင်ဖူးပါရဲ့လား…။
ဒါက ဒီလိုရှိတယ်ဗျ
ခင်ဗျ…ခင်ဗျ….အဲအဲ…
အဲဒါကတော့ဗျို
ဟိုဟို…ဟိုဒင်း….
ဟိုဒင်း….ဟိုဟာပါပဲ
ဟဲဟဲ..ဟီးဟီ…ဟိုဟို…..။
ရွှမ်းသိင်္ဃ(တနင်္သာရီ)
(ဆန္ဒပြည့်ဝအောင်မြင်ပျော်ရွှင်တိုးတက်ပါစေ)
ရွေထားဝယ်ဆိုက်မှတင်ပြပါသည်

Saturday, October 10, 2009
လွယ်ကူခြင်း Vs ခက်ခဲခြင်း
လူတစ်ယောက်ရဲ. Address book မှာ နေရာ တနေရာစာရဖို. လွယ်ကူပါတယ်။
လူတစ်ယောက်ရဲ. နှလုံးသား မှာ နေရာတနေရာ ရဖို. ခက်ခဲပါတယ်။
သူများ အမှား၊အပြစ် ကို ရှာ ဖို. အင်မတန်လွယ်ကူပါတယ်။
မိမိ အမှားကို မှတ်ယူ၊ ရှောင်ကျဉ် ဖို. ခက်ခဲပါတယ်။
မစဉ်းစားပဲ စကား လျှောက်ပြောဖို. လွယ်ကူပါတယ်။
အမှားကင်း အောင် စကားပြောဖို. ခက်ခဲပါတယ်။
မိမိကို ချစ်ခင်တဲ. လူကို စိတ်နာကျင်အောင်လုပ်ဖို.လွယ်ကူပါတယ်။
ထိုစိတ်နာကျင် မူကို ပြန်လည်ကုစားဖို. ခက်ခဲလှပါတယ်။
တပါးသူကို မိမိက ခွင်.လွတ်ဖို. လွယ်ကူပါတယ်။
တပါးသူ ကို မိမိအား ခွင်.လွတ်ဖို. တောင်းဆိုရတာ ခက်ခဲပါတယ်။
စည်းကမ်း၊မျဉ်း တွေ ချမှတ်ရတာ လွယ်ကူပါတယ်။
လိုက်နာ ဖို. ခက်ခဲပါတယ်။
အောင်နိုင်သူ ဖြစ်ရတာ လွယ်ကူပါတယ်။
သိက္ခာရှိရှိ ရှူံး နိမ့် သူ ဖြစ်ဖို. ခက်ခဲပါတယ်။
ကျောက်တုံး နှင်. ခလုတ် တိုက်မိဖို. လွယ်ကူပါတယ်။
ပြန်ထ ရတာ ခက်ခဲပါတယ်။
နေ.တိုင်း ဘ၀ကို ပျော်ပျော်ရွင်ရွင်ဖြတ်သန်းရတာ လွယ်ကူပါတယ်။
တန်ဖိုးရှိရှိ ဖြတ်သန်းဖို. ခက်ခဲပါတယ်။
ဂတိ တခု လွတ်ခနဲ ပေးဖို. လွယ်ကူပါတယ်။
ဂတိ အတိုင်းလိုက်လုပ် ဖို. ခက်ခဲပါတယ်။
ချစ်တယ် လို ပြောရတာ လွယ်ကူပါတယ်။
အမြဲတမ်း ချစ်ပြနေဖို. ခက်ခဲပါတယ်။
သူများကို ဝေဖန် ရတာ လွယ်ကူပါတယ်။
မိမိကိုယ်ကို တိုးတက်အောင် လုပ်ရာမှာ ခက်ခဲပါတယ်။
အမှားတခု လုပ်ရတာ လွယ်ကူပါတယ်။
အဲဒီ အမှားကနေ သင်ယူကို ခက်ခဲပါတယ်။
ပြီးဆုံးသွားတဲ. အချစ်ဇာတ်လမ်းကို ပူဆွေး တောင့်တ ရတာလွယ်ပါတယ်။
အဲ့လို ပြီးဆုံးမသွားအောင် လုပ်ဖို.က ခက်ခဲပါတယ်။
တိုးတက်ကြီးပွားဖို. စဉ်းစားရတာ လွယ်ပါတယ်။
စဉ်းစားတာတွေ ရပ်ပြီး လက်တွေ.အကောင်အထည်ဖော်ဖို. က ခက်ခဲပါတယ်။
ချစ်သူငယ်ချင်းရေ လို. နူတ်ကပြောရတာလွယ်ပါတယ်။
ထိုကဲ့သို. ချစ်ချစ်ခင်ခင် ပေါင်းသင်းဖို. ခက်ခဲပါတယ်။
မှတ်ချက်။အိမ်လွမ်းသူwebsiteမှယူလာခဲ့ပါတယ်

Monday, August 17, 2009
အမြဲတမ်း ၅
၁။သင့်စိတ်ကြိုက် ကိန်းတစ်စုံတစ်ခုအား ယူစေပါ။
၂။၎င်းကိန်းထက် ၁ ကြီးသော ကိန်းနှင့်ပေါင်းစေပါ။
၃။ ရသောအဖြေကို (၉) နှင့်ပေါင်းပါ။
၎။ ပေါင်းရသောကိန်းကို (၂)ဖြင့်စားပါ။
၅။ မူတည်ကိန်းကို နုတ်ပါ။
အဖြေသည် အမြဲတမ်း (၅) ဖြစ်ပါသည်။
ဥပမာ.... မိမိယူထားသော စိတ်ကြိုက်ကိန်း... ၆၃၅
၆၃၅ + ၆၃၆ = ၁၂၇၁ + ၉ =၁၂၈၀ /၂ = ၆၄၀ -၆၃၅ = ၅
ဝင်းမြတ်သန်း၏ ဂဏန်းပညာပြကွက်ဆန်းများ စာအုပ်မှ.....

Wednesday, August 12, 2009
Tuesday, August 11, 2009
အိပ်စက်ချိန် မခြွေတာသင့်သည့် အကြောင်းရင်း(၁၀)ခု
ကျန်းမာပျော်ရွှင်သော ဘ၀တစ်ခုကို တည်ဆောက်လိုသူများအနေနှင့် အိပ်ချိန်ပြည့်ပြည်၀၀ လိုအပ်ကြောင်း ပညာရှင်များက ဆိုသည်။ အိပ်ရေးမ၀သည့် အခြေအနေများသည် ကျန်းမာရေးအတွက် ဆိုးရွားသော အခြေအနေများ သက်ရောက်လာနိုင်ကြောင်း၊ မကြာခဏ အိပ်ရေးပျက်ခြင်းကြောင့် အာရုံကြော ထိခိုက်မှုများအပြင် အခြားသော ကျန်းမာရေးဆိုင်ရာ ပြဿနာများပါ တွေ့ကြုံရတတ်ပြီး လူ့သက်တမ်းကိုပါ ထိခိုက်လာစေနိုင်သည်ဟု သိရှိရသည်။ အမေရိကန်တွင် လူဦးရေ သန်း(၅၀)မှ သန်း(၇၀)ကြားအထိသည် အိပ်ရေးမ၀မှုကြောင့် ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ အဆင်မပြေမှုများ ကြုံတွေ့နေရသည်ဟု ဆရာဝန်များကဆိုသည်။သုတေသန ပြုလုပ်မှုများအရ အိပ်ရေးမ၀ခြင်းကြောင့် အဆိုးဘက်မှ ကြုံတွေ့ရသည့် အထင်ရှားဆုံး အခြေအနေ(၁၀)ခုမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ စစ်တမ်းများအရ တစ်ညတွင် (၇)နာရီ အောက်သာ အိပ်သောသူများ သည် ပို၍ဝလာနိုင်ကြောင်း သိရသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းကဆာလောင်စေသော ဟော်မုန်းများကို ပိုထွက်စေသောကြောင့် ဖြစ်သည်။
၂။ အိပ်နေစဉ်တွင်အသက်ရှူ ပုံမမှန် ကြသူများမှာ အဆီများသောအစားများကို ကြိုက်နှစ်သက်သူများဖြစ်ကြပြီး ယင်းတို့မှာ အများအားဖြင့် အမျိုးသမီးများဖြစ်ကြသည်။
၃။ အိပ်ချိန်နည်းပါးမှုသည် ဆီးချိုဖြစ်နှုန်းနှင့် တိုက်ရိုက်အချိုးကျကြောင်းသိရသည်။
၎။ တစ်ညတွင် (၅)နာရီအောက်သာအိပ်သော အမျိုးသမီးများ၏ (၄၅)ရာခိုင်နှုန်း မှာနှလုံးရောဂါ ပိုမိုဖြစ်ပွားတတ်ကြောင်း သိရသည်။
၅။ အဝလွန်သူများ၊အိပ်နေစဉ် အသက်ရှူပိတ်တတ်သူများမှာ သွေးတိုးရောဂါဖြစ်ပွါးနှုန်း သာမန်ထက် မြင့်မားကြောင်း သိရသည်။
၆။ ယဉ်မတော်တဆမှုများ၏ (၂၀)ရာခိုင်နှုန်း မှာ အိပ်ငိုက်သော ယဉ်မောင်းသူများကြောင့် ဖြစ်ပါသည်။
၇။ အိပ်ရေးမဝသော သက်ကြီးရွယ်အိုများတွင် ရုတ်တရတ် လဲကျမှုနှုန်း (၂)ဆမှ (၄.၅)ဆအထိ မြင့်တက်ကြောင်း သိရသည်။
၈။ အိပ်ရေးမဝသော လူငယ်များတွင် စိတ်ကျရောဂါ ဖြစ်ပွါးမှုနှုန်း ပိုမိုကြောင်းသိရသည်။
၉။ အိပ်ရေးမဝသော ကလေးများတွင် ADHDဟုခေါ်သည့် အာရုံစူးစိုက်မှုမရှိ၊ ဂဏှာမငြိမ်ရောဂါ ပို၍ဖြစ်ပွားပါသည်။
၁၀။ တစ်ညတွင်(၅)နာရီအောက်သာ အိပ်သောသူများမှာ မည်သည့်အကြောင်းပြချက်မျှ မရှိဘဲနှင့် ယျေဘူယျအားဖြင့် အသက်တိုတတ်ကြောင်း သိရှိရသည်။
အထက်ပါ အကြောင်းပြချက်များကြောင့် လူအများအနေနှင့် အိပ်ရေးပျက်ခံ အလုပ်လုပ်ခြင်းမျိုးကဲ့သို့ အပြုအမူများကို ရှောင်ကြဉ်သင့်ပြီး ကျန်းမာရေးနှင့် သင့်လျော်မည့် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခြင်းမျိုး ပြုလုပ်သင့်ပါကြောင်း ဆရာဝန်များက အတိအလင်း နှိုးဆော်ထားကြောင်း သိရသည်။
ဖော်ဝပ်မေးလ်ကပါ။ဘယ်သူရေးမှန်းလဲမသိ၊ဘယ်ဆိုဒ်ကမှန်းလဲမသိဘူး။တော်တော်ကောင်းတယ်။.

အော်အချစ်ပေါ့လေ
အကယ်ေ၇ွ့ မင်းတယောက်သောသူကိုမချစ်တော့ဘူးဆို၇င်လမ်းခွဲံလိုက်ပါ သူများကသူကိုချစ်ဖို့အခွင့်အေ၇းပေးလိုက်ပါ....
အကယ်ေ၇ွ့မင်းချစ်သူကမင်းကိုထားသွား၇င်စိတ်လျော့လိုက်ပါ တခြားတယောက်ကိုချစ်ဖို့အခွင့်အေ၇း၇တာပေါ့....
တချို့ပစ္စည်းကို မင်းဘယ်လောက်ကြိုက်ကြိုက် မင်းအတွက်ဖြစ်ချင်မှဖြစ်မှာ..... တချို့ပစ္စည်းကို မင်းကြိုက်နေလည်းစွန့်လွှတ်ချင်စွန့်လွှတ်၇မယ်....
ဘ၀မှာအမျိုးမျိုး၇ှိတယ်.....ေ၇စက်ရှိတိုင်း ပိုင်ဆိုင်ရယူနိုင်မယ်လို့ မဆိုလိုဘူး။ တချို့ေ၇စက်ဆိုတာ ဆုံးရှုံး၇တာပဲ... တချို့ကျတော့ ဘယ်တော့မှ၇လာဒ်ကောင်းမ၇နိုင်ဘူး... လူတယောက်ကိုချစ်ခွင့်ရရုံနဲ့ ပိုင်ဆိုင်ဖို့ဆိုတာ မသေချာဘူး ... ဒါပေမဲ့တယောက်ယောက်ကို ပိုင်ဆိုင်ပြီး၇င်တော့ကာင်ကောင်းလေးသူ့ကိုပြန်ချစ်ပါ.....
ယောက်ကျားလေးတွေငိုတာတကယ်ချစ်လို့ဖြစ်တယ်
မိန်းကလေးတွေငိုတာတကယ်စွန့်လွှတ်၇လို့ဖြစ်တယ်
အကယ်ေ၇ွ့ ရိုးသားခြင်းဟာ ထိခိုက်စေနိုင်တယ်ဆိုရင်မုသားကိုပဲေ၇ွးချယ်မယ်.....
အကယ်ေ၇ွ့ မုသားစကားဟာ ထိခိုက်စေမယ်ဆို၇င် ဆိတ်ဆိတ်နေခြင်းကိုေ၇ွးချယ်မယ်....
အကယ်ေ၇ွ့ ဆိတ်ဆိတ်နေခြင်းက ထိခိုက်စေမယ်ဆို၇င် ခွဲခွာခြင်းကိုေ၇ွးချယ်မယ်........
အကယ်ေ၇ွ့ ဆုံးရှုံးခြင်းကို ဒုက္ခလို့ဆို၇င် မင်းပေးဆပ်၇မှာကိုကြောက်နေသလား ?????
အကယ်ေ၇ွ့ စွဲလမ်းခြင်းက ဒုက္ခဆို၇င် မင်းပြီးဆုံးခြင်းကိုေ၇ွးချယ်မလား?????
အကယ်ေ၇ွ့ ၇၇ှိအောင်ကြိုးစားခြင်းကို ဒုက္ခဆို၇င် မင်းတယူသန်ဖြစ်ခြင်းကိုေ၇ွးချယ်မလား ?????
အကယ်ေ၇ွ့ ခွဲခွာခြင်းဟာဒုက္ခဆို၇င် မင်းဘယ်သူကို၇င်ဖွင့်မလဲ ??????
ကိစ္စတော်တော်များဟာ ပြီးသွားမှ ၇ှုင်း၇ှင်းလင်းလင်းသိ၇တယ်....ဖြစ်နေချိန်မှာဒုက္ခဆို၇င်တောင် ဒုက္ခလို့မခံစားမိဘူး...........
ကိစ္စတော်တော်များကို ဖြစ်နေချိန်မှာ အကောင်းအဆိုးကွဲကွဲပြားပြားမခွဲခြားနိုင်ပဲ အဆုံးသတ်မှ အဖြေရှာလို့တွေ့တတ်တယ်...
ချစ်ခြင်းနှင့်ေ၇စက်ဆုံခြင်း၁။ သူမပျင်းနေချိန်မှာအဖော်ပြုပေးပါ၂။ သူမ၀မ်းနည်းချိန်မှာနှစ်သိမ့်ပေးပါ၃။ ယောက်ကျားလေးကတက်ကြွစွာဦးဆောင်ပါ၎။ မိန်းကလေးကိုချိန်းဆိုပြီးအပြင်ထွက်လည်ပါ၅။ မိန်းကလေးမှဦးဆောင်ဆောင်၇ွက်မှုမလုပ်ပါစေနဲ့၆။ သူမအားနေ့တိုင်းပျော်၇ွှင်နိုင်ပါစေ၇။ ချစ်သူကိုကောင်းကောင်းမွန်မွန်ဆက်ဆံပါ၈။ ချစ်သူဆန္ဒကိုလိုက်လျောပါ၉။ သူမကိုစိတ်ထိခိုက်ဝမ်းမနည်းပါစေနဲ့၁၀။ သူမအနိုင်ကျင့်ခံ၇ချိန်မှာချက်ချင်းသူမကိုကာကွယ်စောင့်ရှောက်ပါ၁၁။ ချစ်သူအကြောင်းကိုကွယ်ဝှက်မထားပါနဲ့၁၂။ ချစ်သူကိုသစ္စာမဖောက်ပါနဲ့

မကြားဖူးတဲ့မြို့ များ
သူငယ်ချင်းတို့ရေ..... အောက်က မြန်မာနိုင်ငံမှာ ရှိတဲ့မြို့လေးတွေကို သိရင် ဖြေပေးကြပါ
(၁) မြစ်အဖေကြီးနဲ့မြစ်အမေကြီးက မွေးတဲ့မြို့
(၂)စွပ်ပြုတ်လုပ်သောက်ချင်စရာကောင်းတဲ့မြို့
(၃)ကလီစာတွေအူတွေအခွေလိုက်ရှိတဲ့မြို့
(၄)လူကြီးမဖြစ်သေးတဲ့မြို့
(၅)ဒီနေ့ည ငါစောင့်ရတဲ့အလှည့်မဟုတ်ဘူး ဆိုတဲ့မြို့
(၆)သကြားချက်ရင်အဆင်ပြေနိုင်တဲ့မြို့
(၇)ဆင်တွေကတဲ့မြို့
(၈)၀ိုးတိုးဝါးတားပဲရှိတဲ့မြို့
(၉)စိုစိုပြည်ပြည်မရှိတဲ့မြို့
(၁၀)ကျန်စစ်သားမိန်းမနာမည်နဲ့မြို့
(၁၁)ဖားကောက်ခိုင်းတဲ့မြို့
(၁၂)လေဘေးထည်မြို့
(၁၃)မိန်းမမှာ ညီမတွေရှိရင် သတိထားပေရော့ဆိုတဲ့မြို့
(၁၄)ကိုယ်တော်ခံတဲ့ဆွမ်းအရနည်းတာဒါကြောင့်ကိုး...ဆိုတဲ့မြို့
(၁၅)အဲ့ဒီမြို့နာမည်က ပြောင်းပြန်လှန်လိုက်ရင် တော်တော်ရုပ်ဆိုးတဲ့ငှက်ကြီးဖြစ်သွားရော...
(၁၆) ရုံးသွား ကျောင်းသွားသတိထား ဒါတွေယူကွယ့်မမေ့နဲ့တဲ့... အဲ့ဒီမြို့
(၁၇)အဲ့ဒီမြို့က ရွာလိုက်တာမှ သဲကြီးမဲကြီးပဲတဲ့ ................

Monday, August 10, 2009
တစ်ကမ္ဘာလုံးကစောင့်စားနေကြတဲ့သြဂုတ်လ၂၇ရက်နေ့
ကဲ...သူငယ်ချင်းတို့ရေ. ...လက်တို့ပြီးတော့ ပြောရဦးမယ် သတင်းထူးလေးကို သြဂုတ်လမှ စတင်၍ အင်္ဂါဂြိုလ်ဟာ အထွန်းလင်း အတောက်ပဆုံး ဖြစ်ပါလိမ့်မည်။ ၄င်းဂြိုလ်ဟာ ကြီးမားတောက်ပတဲ့ လတစ်စင်းပမာ အစွမ်းကုန် ထွန်းလင်း တောက်ပမှာပါ။ အဲဒါကတော့ သြဂုတ်လ 27ရက်နေ့မှာ အင်္ဂါ ဂြိုလ်ဟာကမ္ဘာနဲ့ မိုင်ပေါင်း 34.65 M miles စတင် နီးကပ်လာမှာ ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ကြေငြာထား ပါတယ်။ဒါကြောင့်27th သြဂုတ်လ12:30AMမှာ ကောင်းကင်မှာ လနှစ်စင်း ပမာ ထွန်းလင်းတာကို တွေ့မြင်ကြ ရမှာပါတဲ့။ဒီတစ်ကြိမ်မှာ မကြည့်လိုက် ရရင်တော့ အင်္ဂါဂြိုလ်ဟာ ကမ္ဘာနဲ့ နီးကပ်လာဖို့ကို နောက်နှစ် 2287ခုနှစ်ထိ စောင့်ကြရ မှာတဲ့နော့်။ ကဲသူငယ်ချင်းတို့ရေ... တစ်ယောက်နဲ့ တစ်ယောက် လက်တို့ပြီး သတင်းလေးကိုဖြန့်ဝေပေး လိုက်ပါဦး ။ကြုံတောင့်ကြုံခဲမို့လို့ပါ။ တော်နေ ဒီအကြိမ် မကြည့်လိုက် ရရင်2287 ခုနှစ်ထိကို မသေချာပဲ စောင့်စား နေရမှာ စိုးလို့နော်။ ကဲ.. နွှဲလိုက်ကြစို့... အော်..မေ့နေမှာစိုးလို့.....နေ့ရက်က 27ရက်၊ အချိန်က မနက် 12:30၊ နေရာကတော့ မိုးကောင်းကင်မှာပါ။ လနှစ်စင်းကို စောင့်ကြည့်ဖို့ မမေ့နဲ့နော်။
Friday, July 31, 2009
Saturday, June 20, 2009
dawei
လွမ်းတယ်...
ထားဝယ်မြို့ကြီးကိုလွမ်းတယ်...
မနက်တိုင်းတို့ဖူးနွေးသွားစားတဲ့ မာကျူရီကိုလွမ်းတယ်...
ညဘက်သူငယ်ချင်းတွေနဲ့ထိုင်ဖြစ်တဲ့ ပွင့်ဦးက ကိုးရီးယားတုတ်ထိုးကိုလွမ်းတယ်...
မောင်းမကန်သွားတိုင်းစားဖြစ်တဲ့ မရင်ဆိုင်က ပင်လယ်စာထမင်းကြော်ကိုလွမ်းတယ်...
အိမ်ရှေ့ဝက်သားကင်ဆိုင်က အခေါက်ကင်သုပ်ကိုလွမ်းတယ်...
သောကြာပြင်က ဘဲသားသုပ် နဲ့ ဆန်ပြုတ်ကိုလွမ်းတယ်...
3D ကကြေးအိုးဆီချက်. miss you ကပုစွန်အစိမ်းသုပ်. ကြက်လျှာစွန်းက ခေါက်ဆွဲကြော်. ဒေါ်ကြီးဆိုင်ကမုန့်ဟင်းခါး. စိုးစံပြကကွေးတရို့ကြော်.ရွှေဝယ်သီရိက မလိုင်.နံပြား တွေကိုလွမ်းတယ်... လွမ်းတယ်...လွမ်းတယ်...
ဆောင်းတွင်းမှာ စွတ်ကျယ်အကျီနဲ့ဆိုင်ကယ်စီးတဲ့အရသာကိုလွမ်းတယ်...
မနက်စောစော ထန်းပင်တန်းက ထန်းရည်ချိုမြမြ ကိုလွမ်းတယ်...
ဘုရားလှည့်.သပိတ်မျှော.သင်္ကြန်.တရုတ်ညဈေး. နဲ့ ဘုရားကြီးကဘုရားပွဲတွေကိုလွမ်းတယ်...
အခုထားဝယ်မှာမရှိတော့တဲ့ကောင်မလေးတစ်ယောက်ကိုလည်းလွမ်းတယ်...
စာအုပ်အသစ်ရောက်တိုင်းချန်ပေးထားတဲ့ မြကြေးစည်သံကိုလွမ်းတယ်...
ညဘက်ရောက်တိုင်းဂစ်တာတီးခဲ့တဲ့နေ့ရက်တွေကိုလွမ်းတယ်...
ကင်းတဲလေးမှာပေါ်ကာဆွဲတဲ့အချိန်တွေကိုလွမ်းတယ်...
ရွှေဝယ်သဇင်ကဘီယာအေးအေးလေးကိုလွမ်းတယ်...
အထက(၁)မှာ ပြန်မရနိုင်တော့တဲ့ကျောင်းသားဘဝကိုလွမ်းတယ်...
လွမ်းတယ်...
လွမ်းတယ်...
လွမ်းတယ်...
ထားဝယ်ရယ် မင်းနဲ့ငါဘယ်တော့မှပြန်ဆုံမှာလဲ
WRITTEN
my new friend ko သံလွင် HeRo
singapore

Thursday, June 4, 2009
I'm nobody!
Who are you?
Are you nobody, too?
Then there's a pair of us — don't tell!
They'd banish us, you know.
How dreary to be somebody!
How public, like a frog
To tell your name the livelong day
To an admiring bog!
(Emily Dickinson )
တကယ်တော့ ငါဟာ ဘာမှ မဟုတ်ပါဘူးလေ-
နင်ကရော-
နင်လည်း ဘာမှ မဟုတ်ဘူး မဟုတ်လား-
ဒါဆို- ငါတို့ နှစ်ယောက် အတူတူပေါ့-
လျှောက် တော့ မပြောလေနဲ့
သူတို့က.. တို့ကို ကန်ထုတ်ပြစ်လိမ့်မယ်- သိလား
တပ်မက် စရာ ကောင်းလှတဲ့..ရွှံ့နွံတွေထဲမှာ-
ဖားတကောင်လို တအွမ်အွမ် အသံပေးရင်း-
တစုံတယောက် ဖြစ်ဖို့ -
နင့် သမိုင်းကြောင်းတွေ အဓွန့်ရှည်ဖို့ ဆိုတာ-
ဘယ်လောက်တောင် စိတ်ပင်ပန်းစရာ ကောင်းသလည်း လို့။

သစ္စာတရား ရှာပုံတော်
ကောင်းကင်တံခါး ပွင့်ပြီလား...
ကျွန်ုပ်အား အပြစ်မှ လွှတ်တော်မူပါ ဘုရား....
အသူရကာယ်ဘုံ ဘယ်နှယ်ဆင့် များ...
အပါယ်ငရဲမှ ကင်းရပါစေသား...
သစ္စာတရားအား ငါတွေ့ခဲ့ရ...
.. အတ္တ ...

Wednesday, June 3, 2009
အတွေး
မင်းကိုလွမ်းတဲ့ အလွမ်း ဘယ်လိုများကြမ်းရပါ့ ဂရေဟမ်ဘဲလ် လဲမတတ်နိုင် ဘီလ်ဂိတ်ကြီးလဲ ငုတ်တုတ်ကြီးမှိုင် လို့.. မင်းဆီအရောက်လာဖို့ ကားလ်ဘင့်ဇ် ကိုစီးရမလား ဂျော့ခ်ျ စတီဗင်ဆင် ကိုစီးရမလား.. စဉ်းစားရကျပ်တယ်.. ရိုက်ညီနောင် ကိုမျက်စပစ်တော့.. "တန်ရာ တန်ရာ ပေါ့ကွာ " တဲ့ " အနူဖင်နဲ့ ရွှေယဉ်မစီးချင်စမ်းပါနဲ့" တဲ့ ကဲ...အိုင်းစတိုင်း ရေ.. ခင်ဗျား ရီလေတီဗီတီ ကြီးနဲ့ပဲ အချိန်တွေကို နောက်ပြန်ရွှေ့ပေးစမ်းပါတော့.....။
Thursday, May 14, 2009
ငှက်ကလေးအိမ်မပြန်တဲ့နေ့
ကောင်းကင်ပြင်က ကြယ်တွေထိုးဆင်း
အလင်းတွေ ဆောက်တည်ရာမရ ငိုက်သွားခဲ့ချိန်ကပေါ့
ငါဒီနေ့တော့ ဝေးဝေးမသွားတော့ဘူးလို့
ငှက်ကလေးကတွေးရင်း အတောင်တွေ ချိုးချလိုက်တယ်
အဲဒီအချိန်မှာ
သူ့ကို ဖြတ်ခနဲ မြင်လိုက်ခဲ့တာပါ
ပျံသန်းသွားလိုက်တာများ ပင်လယ်ပြင်ဘက်ကို ထွက်တော့မလို
မေမေကပြောနေတယ်
ခုတလော အရာရာဟာ ထူးထူးဆန်းဆန်း ရှိလိုက်တာတဲ့
ဝေးဝေးမသွားနဲ့သားလို့ သူမှာတယ်
စူးစမ်းစွန့်စားချင်တဲ့စိတ်ဟာ ကမ္ဘကျော်စေသတဲ့မေမေ
လူတွေပြောပြောနေတာ သားကြားဖူးတယ်
ယောနသံစင်ရော်
အစဉ်အလာကို ဖောက်ထွက်ပြီး လွတ်မြောက်ခဲ့သူ
ငှက်ကလေးဟာ အတိုင်းအဆမဲ့ အတွေးတွေနဲ့
ချိုးထားတဲ့အတောင်ကို လှည့်ရင်း ပြန်ဆန့်ထွက်လိုက်တယ်
မိုးသားတွေ တလိပ်လိပ် တက်နေတဲ့ဘက်က
သူ့ကို ဖြတ်ပျံသွားတဲ့ ငှက်ကလေးတစ်ကောင်က ဟိုးအဝေးမှာ
မေမေ့စကားကို ခဏမေ့ထားပြီး တောင်ပံကို ခပ်သွက်သွက်ခတ်တယ်
လေတိုးသံဟာ တဖြေးဖြေး ပြင်းပြင်းလာတယ်
ရှင် ကျွန်မနောက် ဘာလို့ လိုက်လာတာလဲလို့ ရှေ့က ငှက်ကလေးက လှည့်မေးတယ်
ဒီလောက် လေတွေတိုက်နေတဲ့ဘက်ကို မင်းဘာသွားလုပ်တာလဲ သိချင်လို့ပေါ့လို့ သူပြန်ဖြေတယ်
လေတိုက်လို့ သစ်ရွက်တွေလှုပ်ရင် ကျွန်မ ပျော်ရွှင်တာပေါ့ရှင်လို့ သူမက မခို့တရို့လေး ပြောတယ်
သူတို့ချင်း ရင်ဘောင်တန်းမိတဲ့အခါ
ပင်လယ်ရေပြင်ဟာ အပြာရောင် သန်းနေပြီ
မြင်နေကျ မိုးကုတ်စက်ဝန်းမှာ အနက်ရောင် လိုက်ကာတွေ ကျနေပြီ
မိုးတွေလည်း သည်းသည်းမည်းမည်း ရွာလို့
လျှပ်စီး မိုးကြိုးတွေလည်း မြင်နေရပြီ
ငါတို့ ပြန်ကြမလားလို့ သူမေးလိုက်တော့
ရှင်က ကြောက်တတ်လိုက်တာနော်လို့ သူမပြန်ပြောတဲ့အခါ
သူ့မာနဟာ ထောင်းခနဲ ထလာတယ်
တဟူးဟူးတိုက်နေတဲ့ လေကို အပြင်ဆန်ရင်း သူပျံတယ်
ဒီနေ့လေ ရှင်နဲ့တွေ့ရတာ ကျွန်မသိပ်ပျော်တာပဲလို့
သူ့အနားကပ်ပြီး တိုးတိုးလေး ဆိုသွားတော့
သူ့စိတ်တွေဆိုတာ ကြည်နူးလို့
စွန့်စားသူ ကိုလံဘတ်စ်ဟာ အချစ်ကို တွေ့ခဲ့ပြီပေါ့လို့
သူအော်ဟစ်လိုက်တယ်
ဟိုကတော့ တခစ်ခစ်ရယ်လို့
ပျော်ရွှင်မှုမှာ သူတို့ သတိမေ့သွားလိုက်တာ မိနစ်ပေါင်းများစွာ
သတိရချိန်မှာ သူတို့တစ်ကိုယ်လုံး မိုးရေတွေထဲ နစ်လို့
လေတိုက်နှုန်းမှာ သူတို့ အတောင်ပံတွေဟာ မတိုးတော့ဘူး
ရာသီဥတုဟာ အရမ်းဆိုးနေပြီ
အရာရာဟာ လေးလံလာပြီ
သူတို့ ပြန်မှ ဖြစ်တော့မယ်
နားထဲမှာ သားရေ သားရေ ဆိုတဲ့ မေမေ့ခေါ်သံကို ကြားလိုက်ရသလိုပဲ
သူ့တကိုယ်လုံး တုန်ခါ
အသိတရားဟာ မုန်တိုင်းကြားထဲရောက်မှ ပေါ်လာတော့တယ်
သူတို့ အတောင်တွေကို အစွမ်းကုန်ဖွင့်
လာရာလမ်းအတိုင်း ရွက်စုံလွှင့်ဖို့ ကြိုးစားရတယ်
လေသံတွေဟာ ကြောက်မက်ဖွယ်ရာ တရွှီးရွှီး
မိုးစက်တွေက ဓားသွားထက်ထက်တွေလို သူတို့ကို လာလာရိုက်ခတ်တယ်
ကောင်းကင်တစ်ခုလုံး မည်းမှောင်နေလိုက်တာက
အချင်းချင်းတောင် မမြင်နိုင်လောက်အောင်ကို
သူတို့တွေ ခဏခဏ ကွဲသွားလိုက်တာများ
အရိပ်ကိုဖမ်းပြီး ပျံသန်းနေရသလို
လေသံမိုးသံကလွဲလို့ ဘာသံမှ သူတို့ မကြားရတော့ဘူး
တခါတော့
ကျွန်မကို ကယ်ပါဦး ဆိုတဲ့ အသံတိုးတိုးလေးတစ်ချက် ကြားလိုက်ပြီး
ကောင်မလေးဟာ လေစီးကြောင်းမှာ လွင့်ကျသွားလိုက်တာ
ငှက်ကလေးဟာ အတင်းပဲ အရိပ်ကျသွားရာဘက်ကို ထိုးစိုက်ဆင်း
ကောင်မလေးကို သူ့အတောင်နှစ်ဘက်ကြား သိုဝှက်ဖို့ ကြိုးစားရင်း
အံကိုတင်းလို့ အသက်ကို ခပ်ပြင်းပြင်း ရှူတယ်
ကျွန်မကို ပစ်မသွားပါနဲ့နော်လို့ သူမ ငိုရှိုက်ရင်း ပြောတဲ့အခါ
သူ့စိတ်မှာ အစိုးရိမ်ဆုံး အခြေအနေကို ခံစားလိုက်ရတယ်
ငါတို့ ဘယ်ကို ရောက်နေပြီလဲ
ငါတို့ ဘယ်ကို ဦးတည်နေတာလဲ
အဖေ အမေ ညီလေး ညီမလေး
ငါ့မိသားစု အသိုက်အမြုံလေး ဘယ်မှာလဲ
မုန်တိုင်းက နေရာအနှံ့ကို အပြင်းဆုံး ရိုက်ခတ်နေပြီ
သူ့မျက်လုံးတွေ ပြာနေခဲ့
သူ့ခြေလက်တွေ အားပျော့နေခဲ့
သူ့နှလုံးခုန်သံဟာ တိုးတိတ်စွာ
သူ့မျက်ဝန်း ပိတ်ကားပြင်မှာ ပုံရိပ်တွေ ထင်လာတယ်
အဖေ အမေ ညီလေး ညီမလေး ငါ့ချစ်သူ
စက္ကန့်ပေါင်းများစွာ
မိနစ်ပေါင်းများစွာ
နာရီပေါင်းများစွာ
လေသံတွေဟာ တဝူးဝူး
လှိုင်းရိုက်သံတွေက တဝေါဝေါ
လှေကလေးဟာ သူ့ကို ဆိပ်ကမ်းတစ်ခုဆီ ခေါ်ဆောင်သွားပါလိမ့်မယ်
နောက်တစ်ခါ မေမေနဲ့ ပြန်တွေ့ခွင့် ရတဲ့အခါ
သူဒီအမှားကို ပြင်ခွင့်ရချင်တဲ့အကြောင်း
ချစ်သူနဲ့အတူ ဒူးထောက် ဆုတောင်းချင်တယ်။
လင်းဆက်
03 May 2009

Wednesday, May 13, 2009
Sunday, March 29, 2009
Thursday, February 26, 2009
Tuesday, February 17, 2009
သူလေး
စူးရှတဲ့မျက်ဝန်းတစ်စုံ
နှင်ဆီရောင်နခမ်းပါးလေး
ဝိုင်းစက်တဲ့မင်းရဲ့မျက်နှာလေးနဲ့ 
ချိုသာတဲ့မင်းရဲ့အပြုံးလေးကို
မြင်ကတည်းကရင်ထဲစွဲလန်းခဲ့တယ်
ကောင်မလေးရယ်........................
နှင်ဆီရောင်နခမ်းပါးလေး
ဝိုင်းစက်တဲ့မင်းရဲ့မျက်နှာလေးနဲ့ 
ချိုသာတဲ့မင်းရဲ့အပြုံးလေးကို
မြင်ကတည်းကရင်ထဲစွဲလန်းခဲ့တယ်
ကောင်မလေးရယ်........................
Sunday, February 15, 2009
Saturday, February 14, 2009
ချစ်သူများနေ့ မှာပျော်ရွင်နိုင်ပါစေ
အချစ်ကိုပိုင်ဆိုင်ထားတဲ့လူသားအားလုံး၂၀၀၉နှစ်မှာအားလုံးကိုယ်ချစ်တဲ့သူနဲ့ ပျော်ရွင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ
Talkonaut supports Jabber, Google Talk, ICQ, MSN, AIM and Yahoo networks both for chatting and voice calling.
စာရေးရတာပြင်းလီု. http://www.talkonaut.com ဒီဆိုက်လေးမှာဝင်ကြည့်လိုက်ကျပါအုံး
Wednesday, February 4, 2009
Wednesday, January 28, 2009
အားမှလုပ်မယ်၊ အားမှလုပ်မယ်ဆိုပြီး အားရက်စောင့်မယ်ဆိုရင် ခေါင်း(အလောင်းပုံး) ထဲဝင် မယ့်နေ့ပဲ။ ဒီလိုဖြစ်မယ်ဆိုရင် အားရက်ကိုမစောင့်နဲ့တော့။ ဒီကနေ့သည်ကိုယ့် အတွက် နောက်နေ့သည် ကိုယ့်အတွက်မဟုတ်ဘူးလေ။ အနာဂတ်ဆိုတာမသေ ချာဘူးတဲ့။ မတော် ကွေးသောလက်မဆန်ခင်၊ ဆန့်သောလက်မကွေးခင် ဆိုသလို ညသေသွားဘယ့်နှယ်လုပ်မလဲ။ ကိုယ်ကျိုးမနည်းဘူးလား။
ကျေးဇူးတော်ရှင်အောင်ဆန်းဆရာတော်ဘုရားကြီး

Monday, January 26, 2009
listenမီးအိမ်ငယ်
မြန်မာမိသားစုသီချင်းလေးကို တိုက်ရိုက်နားဆင်လို့ရအောင် မြန်မာမိသားစုပိုင်ဆာဗာမှ လင့်လေးကို ကိုယ့် Browser Address Bar ထဲကို ကော်ပီထည့်လိုက်ပြီး နားထောင်လိုက်ရုံပါပဲခင်ဗျာ။ သီချင်းလေးနာမည်ကိုတော့ မီးအိမ်ငယ်လို့ ပေးထားပါတယ်ခင်ဗျာ။
http://www.myanmarfamily.org/mp3/Myanmar%20Family%20Song%202008.mp3