အတာတန်ခူး
ပျော်မြူးဆင်နွှဲ
မဟာသင်္ကြန်ပွဲ
သင်္ကြန်တေးသံ
မြန်ဆန်စွာရောက်
ပိတောက်ပန်းပန်
ကိုယ်ဟန်ကြော့ရှင်း
ယမင်းအလှ
သင်္ကြန်နွေမ
စည်းချက်နဲ့ အညီ
ကကွက်ပီစွာ
ညင်သာသွဲ့သွဲ့
နွဲ့နှောင်းပြုံးချို
ထိုထိုခဏ
ကြည့်လို့မ၀တဲ့
သင်္ကြန်နွေမ
နွေမ အလှ
ယဉ်စစနှင့်
စည်းချက် ၊ကကွက်
လိုက်ဖက်လွန်စွာ
စွဲမက်ဖွယ်ကောင်း
တစ်ခေါက်တောင်းဆို
နောက်တစ်ပုဒ်လောက်
ကပါဦးဗျို့
...............................
ပြုံးပျော်နိုင်ပါစေ
No comments:
Post a Comment
satzin2013@gmail.com