မန္တလေး၊ မော်လမြိုင်၊ ရန်ကုန် ဆိုတဲ့ သင်္ကြန်
အခုဒီနှစ် နေပြည်တော် သင်္ကြန်အသစ်နဲ့
အဟောင်းထဲကအသစ်................။
ခေတ်တွေအလီလီပြောင်းလဲ
မပြောင်းလဲတဲ့ အတာသင်္ကြန်
ရေလောင်းသူနဲ့ ပတ်သူ
အရင်တုန်းက
သပြေရွက်
အခုတော့ ရေပိုက်တပ်
အဟောင်းတွေနဲ့ သစ်နေတယ်.............။
ဟိုအရင်တစ်ခတ်
ကျုံးပတ်လည် စက်ဘီးစီးလို့လည်
လွန်ခဲ့တဲ့ ဆယ်စုနှစ်
ကျုံးပတ်လည် ဆိုင်ကယ်တွေနဲ့
ပြီပြင်လှတဲ့ သင်္ကြန်ရယ်
ဟောင်းပေမယ့် သစ်နေတယ်..............။
အော်..........
သင်္ကြန်သင်္ကြန်
တစ်နှစ်တော့ရောက်လာပ.........
ချစ်စရာကောင်းတဲ့ တို့များယဉ်ကျေးမှုရိုးရာ
ရွံ့စရာကောင်းတဲ့ သရုပ်ပျက်မှုတွေနဲ့
ဖော်ဆောင်ထားတဲ့ မနှစ်က .............
ဒီနှစ်လဲချစ်စရာကောင်းပေါ့မလားသင်္ကြန်ရယ်.........................?
No comments:
Post a Comment
satzin2013@gmail.com