Pages

Tuesday, August 31, 2010

ပန်းချီဆရာကြီး ဦးဘကြည်ကို အထူးမိတ်ဆက်ပြီးပြောပြစရာမလိုလောက်။ဖတ်ရှုသူအားလုံး
သိကြမည်ထင်ပါ၏။ သို့သော်လည်း နည်းနည်းလောက်တော့ပြောပြချင်ပါသည်။ မြန်မာပန်းချ
လောက၏ဖခင်တစ်ဦး စွယ်စုံပန်းချီဆရာကြီးဟုပြောရပါမည်။ ပြင်သစ်၊ အမေရိကန် နိုင်ငံတွေက
ပညာသင်ဆုတွေကို ရရှိခဲ့ပြီး ပန်းချီပညာတွေဆည်းပူးသင်ယူခဲ့သူပါ။ ဆရာကြီးရဲ့ကျော်ကြားထင်ရှားတဲ့
ပန်ချီလက်ရာတွေတွေ့ဘူးချင်တယ်ဆိုရင်တော့ တာ့ရှ်ကင့်ပြတိုက်၊ ပီကင်းအမျိုးသားပြတိုက်၊ ဟော်လန်
နိုင် အမ်စတာဒန်မြို့မှာရှိတဲ့ပြတိုက်၊ ဗုဒ္ဓဂါယာ တွေမှာ ရှိပါတယ်။(ရောက်ဖူးခဲ့ရင် သွားကြည့်လို့ရအောင် :D)အဲ ရန်ကုန်မှာဆိုရင်တော့ရန်ကုန် အမျိုးသားပြတိုက်ပေါ့နော်... ပြီးတော့ ရန်ကုန်မင်္ဂလာဒုံလေဆိပ်ကစတုရန်းပေ ၃၀၀၀ ရှိတဲ့နံရံပန်ချီကားကြီးရှိတယ်။ ရွှေတိဂုံစေတီနဲ့ဗိုလ်တစ်ထောင်ဘုရားမှာလည်း ဆီဆေးကားတွေရှိတယ်။ မြန်မာမှုဟန်တွေနဲ့ရေးသားသရုပ်ဖေါ်ထားတဲ့ ဦးဘကြည်ရဲ့ဇာတ်တော်ကြီး ဆယ်ဘွဲ့ကိုရှာတွေ့လို့ပန်းချ င်္ီဝါသနာရှင်တွေ ဖတ်ရှု၊ကြည့်ရှုလို့ရအောင်မျှဝေပေးလိုက်ပါတယ်။

ရှားရှားပါးပါး ဦးဘကြည်၏ ပန်းချီလက်ရာနှင့်အတူ ဇာတ်ကြီးဆယ်ဘွဲ့ ဖတ်ချင်သူများအတွက်...           ဒီမှာ download ယူပြီးဖတ်နိုင်ပါတယ်

No comments:

Post a Comment

satzin2013@gmail.com