Pages

ထားဝယ်သားလေးဆိုက်မှအားလုံးကိုကြိုဆိုပါတယ်

Monday, August 17, 2009

အမြဲတမ်း ၅

၁။သင့်စိတ်ကြိုက် ကိန်းတစ်စုံတစ်ခုအား ယူစေပါ။
၂။၎င်းကိန်းထက် ၁ ကြီးသော ကိန်းနှင့်ပေါင်းစေပါ။
၃။ ရသောအဖြေကို (၉) နှင့်ပေါင်းပါ။
၎။ ပေါင်းရသောကိန်းကို (၂)ဖြင့်စားပါ။
၅။ မူတည်ကိန်းကို နုတ်ပါ။
အဖြေသည် အမြဲတမ်း (၅) ဖြစ်ပါသည်။

ဥပမာ.... မိမိယူထားသော စိတ်ကြိုက်ကိန်း... ၆၃၅

၆၃၅ + ၆၃၆ = ၁၂၇၁ + ၉ =၁၂၈၀ /၂ = ၆၄၀ -၆၃၅ = ၅

ဝင်းမြတ်သန်း၏ ဂဏန်းပညာပြကွက်ဆန်းများ စာအုပ်မှ.....

Wednesday, August 12, 2009

ကျွန်တော်ချစ်သောအမေကျန်းမာချမ်းသာပါစေလို့ အဝေးရောက်အမေ့သားဆုတောင်းပေးလိုက်ပါတယ်

Tuesday, August 11, 2009

အိပ်စက်ချိန် မခြွေတာသင့်သည့် အကြောင်းရင်း(၁၀)ခု

ကျန်းမာပျော်ရွှင်သော ဘ၀တစ်ခုကို တည်ဆောက်လိုသူများအနေနှင့် အိပ်ချိန်ပြည့်ပြည်၀၀ လိုအပ်ကြောင်း ပညာရှင်များက ဆိုသည်။ အိပ်ရေးမ၀သည့် အခြေအနေများသည် ကျန်းမာရေးအတွက် ဆိုးရွားသော အခြေအနေများ သက်ရောက်လာနိုင်ကြောင်း၊ မကြာခဏ အိပ်ရေးပျက်ခြင်းကြောင့် အာရုံကြော ထိခိုက်မှုများအပြင် အခြားသော ကျန်းမာရေးဆိုင်ရာ ပြဿနာများပါ တွေ့ကြုံရတတ်ပြီး လူ့သက်တမ်းကိုပါ ထိခိုက်လာစေနိုင်သည်ဟု သိရှိရသည်။ အမေရိကန်တွင် လူဦးရေ သန်း(၅၀)မှ သန်း(၇၀)ကြားအထိသည် အိပ်ရေးမ၀မှုကြောင့် ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ အဆင်မပြေမှုများ ကြုံတွေ့နေရသည်ဟု ဆရာဝန်များကဆိုသည်။သုတေသန ပြုလုပ်မှုများအရ အိပ်ရေးမ၀ခြင်းကြောင့် အဆိုးဘက်မှ ကြုံတွေ့ရသည့် အထင်ရှားဆုံး အခြေအနေ(၁၀)ခုမှာ အောက်ပါအတိုင်းဖြစ်သည်။
၁။ စစ်တမ်းများအရ တစ်ညတွင် (၇)နာရီ အောက်သာ အိပ်သောသူများ သည် ပို၍ဝလာနိုင်ကြောင်း သိရသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းကဆာလောင်စေသော ဟော်မုန်းများကို ပိုထွက်စေသောကြောင့် ဖြစ်သည်။
၂။ အိပ်နေစဉ်တွင်အသက်ရှူ ပုံမမှန် ကြသူများမှာ အဆီများသောအစားများကို ကြိုက်နှစ်သက်သူများဖြစ်ကြပြီး ယင်းတို့မှာ အများအားဖြင့် အမျိုးသမီးများဖြစ်ကြသည်။
၃။ အိပ်ချိန်နည်းပါးမှုသည် ဆီးချိုဖြစ်နှုန်းနှင့် တိုက်ရိုက်အချိုးကျကြောင်းသိရသည်။
၎။ တစ်ညတွင် (၅)နာရီအောက်သာအိပ်သော အမျိုးသမီးများ၏ (၄၅)ရာခိုင်နှုန်း မှာနှလုံးရောဂါ ပိုမိုဖြစ်ပွားတတ်ကြောင်း သိရသည်။
၅။ အဝလွန်သူများ၊အိပ်နေစဉ် အသက်ရှူပိတ်တတ်သူများမှာ သွေးတိုးရောဂါဖြစ်ပွါးနှုန်း သာမန်ထက် မြင့်မားကြောင်း သိရသည်။
၆။ ယဉ်မတော်တဆမှုများ၏ (၂၀)ရာခိုင်နှုန်း မှာ အိပ်ငိုက်သော ယဉ်မောင်းသူများကြောင့် ဖြစ်ပါသည်။
၇။ အိပ်ရေးမဝသော သက်ကြီးရွယ်အိုများတွင် ရုတ်တရတ် လဲကျမှုနှုန်း (၂)ဆမှ (၄.၅)ဆအထိ မြင့်တက်ကြောင်း သိရသည်။
၈။ အိပ်ရေးမဝသော လူငယ်များတွင် စိတ်ကျရောဂါ ဖြစ်ပွါးမှုနှုန်း ပိုမိုကြောင်းသိရသည်။
၉။ အိပ်ရေးမဝသော ကလေးများတွင် ADHDဟုခေါ်သည့် အာရုံစူးစိုက်မှုမရှိ၊ ဂဏှာမငြိမ်ရောဂါ ပို၍ဖြစ်ပွားပါသည်။
၁၀။ တစ်ညတွင်(၅)နာရီအောက်သာ အိပ်သောသူများမှာ မည်သည့်အကြောင်းပြချက်မျှ မရှိဘဲနှင့် ယျေဘူယျအားဖြင့် အသက်တိုတတ်ကြောင်း သိရှိရသည်။
အထက်ပါ အကြောင်းပြချက်များကြောင့် လူအများအနေနှင့် အိပ်ရေးပျက်ခံ အလုပ်လုပ်ခြင်းမျိုးကဲ့သို့ အပြုအမူများကို ရှောင်ကြဉ်သင့်ပြီး ကျန်းမာရေးနှင့် သင့်လျော်မည့် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခြင်းမျိုး ပြုလုပ်သင့်ပါကြောင်း ဆရာဝန်များက အတိအလင်း နှိုးဆော်ထားကြောင်း သိရသည်။
ဖော်ဝပ်မေးလ်ကပါ။ဘယ်သူရေးမှန်းလဲမသိ၊ဘယ်ဆိုဒ်ကမှန်းလဲမသိဘူး။တော်တော်ကောင်းတယ်။.

အော်အချစ်ပေါ့လေ

အကယ်ေ၇ွ့ မင်းတယောက်သောသူကိုမချစ်တော့ဘူးဆို၇င်လမ်းခွဲံလိုက်ပါ သူများကသူကိုချစ်ဖို့အခွင့်အေ၇းပေးလိုက်ပါ....
အကယ်ေ၇ွ့မင်းချစ်သူကမင်းကိုထားသွား၇င်စိတ်လျော့လိုက်ပါ တခြားတယောက်ကိုချစ်ဖို့အခွင့်အေ၇း၇တာပေါ့....
တချို့ပစ္စည်းကို မင်းဘယ်လောက်ကြိုက်ကြိုက် မင်းအတွက်ဖြစ်ချင်မှဖြစ်မှာ..... တချို့ပစ္စည်းကို မင်းကြိုက်နေလည်းစွန့်လွှတ်ချင်စွန့်လွှတ်၇မယ်....
ဘ၀မှာအမျိုးမျိုး၇ှိတယ်.....ေ၇စက်ရှိတိုင်း ပိုင်ဆိုင်ရယူနိုင်မယ်လို့ မဆိုလိုဘူး။ တချို့ေ၇စက်ဆိုတာ ဆုံးရှုံး၇တာပဲ... တချို့ကျတော့ ဘယ်တော့မှ၇လာဒ်ကောင်းမ၇နိုင်ဘူး... လူတယောက်ကိုချစ်ခွင့်ရရုံနဲ့ ပိုင်ဆိုင်ဖို့ဆိုတာ မသေချာဘူး ... ဒါပေမဲ့တယောက်ယောက်ကို ပိုင်ဆိုင်ပြီး၇င်တော့ကာင်ကောင်းလေးသူ့ကိုပြန်ချစ်ပါ.....


ယောက်ကျားလေးတွေငိုတာတကယ်ချစ်လို့ဖြစ်တယ်
မိန်းကလေးတွေငိုတာတကယ်စွန့်လွှတ်၇လို့ဖြစ်တယ်
အကယ်ေ၇ွ့ ရိုးသားခြင်းဟာ ထိခိုက်စေနိုင်တယ်ဆိုရင်မုသားကိုပဲေ၇ွးချယ်မယ်.....
အကယ်ေ၇ွ့ မုသားစကားဟာ ထိခိုက်စေမယ်ဆို၇င် ဆိတ်ဆိတ်နေခြင်းကိုေ၇ွးချယ်မယ်....

အကယ်ေ၇ွ့ ဆိတ်ဆိတ်နေခြင်းက ထိခိုက်စေမယ်ဆို၇င် ခွဲခွာခြင်းကိုေ၇ွးချယ်မယ်........
အကယ်ေ၇ွ့ ဆုံးရှုံးခြင်းကို ဒုက္ခလို့ဆို၇င် မင်းပေးဆပ်၇မှာကိုကြောက်နေသလား ?????

အကယ်ေ၇ွ့ စွဲလမ်းခြင်းက ဒုက္ခဆို၇င် မင်းပြီးဆုံးခြင်းကိုေ၇ွးချယ်မလား?????
အကယ်ေ၇ွ့ ၇၇ှိအောင်ကြိုးစားခြင်းကို ဒုက္ခဆို၇င် မင်းတယူသန်ဖြစ်ခြင်းကိုေ၇ွးချယ်မလား ?????
အကယ်ေ၇ွ့ ခွဲခွာခြင်းဟာဒုက္ခဆို၇င် မင်းဘယ်သူကို၇င်ဖွင့်မလဲ ??????



ကိစ္စတော်တော်များဟာ ပြီးသွားမှ ၇ှုင်း၇ှင်းလင်းလင်းသိ၇တယ်....ဖြစ်နေချိန်မှာဒုက္ခဆို၇င်တောင် ဒုက္ခလို့မခံစားမိဘူး...........
ကိစ္စတော်တော်များကို ဖြစ်နေချိန်မှာ အကောင်းအဆိုးကွဲကွဲပြားပြားမခွဲခြားနိုင်ပဲ အဆုံးသတ်မှ အဖြေရှာလို့တွေ့တတ်တယ်...





ချစ်ခြင်းနှင့်ေ၇စက်ဆုံခြင်း၁။ သူမပျင်းနေချိန်မှာအဖော်ပြုပေးပါ၂။ သူမ၀မ်းနည်းချိန်မှာနှစ်သိမ့်ပေးပါ၃။ ယောက်ကျားလေးကတက်ကြွစွာဦးဆောင်ပါ၎။ မိန်းကလေးကိုချိန်းဆိုပြီးအပြင်ထွက်လည်ပါ၅။ မိန်းကလေးမှဦးဆောင်ဆောင်၇ွက်မှုမလုပ်ပါစေနဲ့၆။ သူမအားနေ့တိုင်းပျော်၇ွှင်နိုင်ပါစေ၇။ ချစ်သူကိုကောင်းကောင်းမွန်မွန်ဆက်ဆံပါ၈။ ချစ်သူဆန္ဒကိုလိုက်လျောပါ၉။ သူမကိုစိတ်ထိခိုက်ဝမ်းမနည်းပါစေနဲ့၁၀။ သူမအနိုင်ကျင့်ခံ၇ချိန်မှာချက်ချင်းသူမကိုကာကွယ်စောင့်ရှောက်ပါ၁၁။ ချစ်သူအကြောင်းကိုကွယ်ဝှက်မထားပါနဲ့၁၂။ ချစ်သူကိုသစ္စာမဖောက်ပါနဲ့

မကြားဖူးတဲ့မြို့ များ

သူငယ်ချင်းတို့ရေ..... အောက်က မြန်မာနိုင်ငံမှာ ရှိတဲ့မြို့လေးတွေကို သိရင် ဖြေပေးကြပါ

(၁) မြစ်အဖေကြီးနဲ့မြစ်အမေကြီးက မွေးတဲ့မြို့
(၂)စွပ်ပြုတ်လုပ်သောက်ချင်စရာကောင်းတဲ့မြို့
(၃)ကလီစာတွေအူတွေအခွေလိုက်ရှိတဲ့မြို့
(၄)လူကြီးမဖြစ်သေးတဲ့မြို့
(၅)ဒီနေ့ည ငါစောင့်ရတဲ့အလှည့်မဟုတ်ဘူး ဆိုတဲ့မြို့
(၆)သကြားချက်ရင်အဆင်ပြေနိုင်တဲ့မြို့
(၇)ဆင်တွေကတဲ့မြို့
(၈)၀ိုးတိုးဝါးတားပဲရှိတဲ့မြို့
(၉)စိုစိုပြည်ပြည်မရှိတဲ့မြို့
(၁၀)ကျန်စစ်သားမိန်းမနာမည်နဲ့မြို့
(၁၁)ဖားကောက်ခိုင်းတဲ့မြို့
(၁၂)လေဘေးထည်မြို့
(၁၃)မိန်းမမှာ ညီမတွေရှိရင် သတိထားပေရော့ဆိုတဲ့မြို့
(၁၄)ကိုယ်တော်ခံတဲ့ဆွမ်းအရနည်းတာဒါကြောင့်ကိုး...ဆိုတဲ့မြို့
(၁၅)အဲ့ဒီမြို့နာမည်က ပြောင်းပြန်လှန်လိုက်ရင် တော်တော်ရုပ်ဆိုးတဲ့ငှက်ကြီးဖြစ်သွားရော...
(၁၆) ရုံးသွား ကျောင်းသွားသတိထား ဒါတွေယူကွယ့်မမေ့နဲ့တဲ့... အဲ့ဒီမြို့
(၁၇)အဲ့ဒီမြို့က ရွာလိုက်တာမှ သဲကြီးမဲကြီးပဲတဲ့ ................

(၁) မြစ်အဖေကြီးနဲ့မြစ်အမေကြီးက မွေးတဲ့မြို့
(၂)စွပ်ပြုတ်လုပ်သောက်ချင်စရာကောင်းတဲ့မြို့
(၃)ကလီစာတွေအူတွေအခွေလိုက်ရှိတဲ့မြို့
(၄)လူကြီးမဖြစ်သေးတဲ့မြို့
(၅)ဒီနေ့ည ငါစောင့်ရတဲ့အလှည့်မဟုတ်ဘူး ဆိုတဲ့မြို့
(၆)သကြားချက်ရင်အဆင်ပြေနိုင်တဲ့မြို့
(၇)ဆင်တွေကတဲ့မြို့
(၈)၀ိုးတိုးဝါးတားပဲရှိတဲ့မြို့
(၉)စိုစိုပြည်ပြည်မရှိတဲ့မြို့
(၁၀)ကျန်စစ်သားမိန်းမနာမည်နဲ့မြို့
(၁၁)ဖားကောက်ခိုင်းတဲ့မြို့
(၁၂)လေဘေးထည်မြို့
(၁၃)မိန်းမမှာ ညီမတွေရှိရင် သတိထားပေရော့ဆိုတဲ့မြို့
(၁၄)ကိုယ်တော်ခံတဲ့ဆွမ်းအရနည်းတာဒါကြောင့်ကိုး...ဆိုတဲ့မြို့
(၁၅)အဲ့ဒီမြို့နာမည်က ပြောင်းပြန်လှန်လိုက်ရင် တော်တော်ရုပ်ဆိုးတဲ့ငှက်ကြီးဖြစ်သွားရော...
(၁၆) ရုံးသွား ကျောင်းသွားသတိထား ဒါတွေယူကွယ့်မမေ့နဲ့တဲ့... အဲ့ဒီမြို့
(၁၇)အဲ့ဒီမြို့က ရွာလိုက်တာမှ သဲကြီးမဲကြီးပဲတဲ့ ................

Monday, August 10, 2009

တစ်ကမ္ဘာလုံးကစောင့်စားနေကြတဲ့သြဂုတ်လ၂၇ရက်နေ့

ကဲ...သူငယ်ချင်းတို့ရေ. ...လက်တို့ပြီးတော့ ပြောရဦးမယ် သတင်းထူးလေးကို သြဂုတ်လမှ စတင်၍ အင်္ဂါဂြိုလ်ဟာ အထွန်းလင်း အတောက်ပဆုံး ဖြစ်ပါလိမ့်မည်။ ၄င်းဂြိုလ်ဟာ ကြီးမားတောက်ပတဲ့ လတစ်စင်းပမာ အစွမ်းကုန် ထွန်းလင်း တောက်ပမှာပါ။ အဲဒါကတော့ သြဂုတ်လ 27ရက်နေ့မှာ အင်္ဂါ ဂြိုလ်ဟာကမ္ဘာနဲ့ မိုင်ပေါင်း 34.65 M miles စတင် နီးကပ်လာမှာ ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ကြေငြာထား ပါတယ်။ဒါကြောင့်27th သြဂုတ်လ12:30AMမှာ ကောင်းကင်မှာ လနှစ်စင်း ပမာ ထွန်းလင်းတာကို တွေ့မြင်ကြ ရမှာပါတဲ့။ဒီတစ်ကြိမ်မှာ မကြည့်လိုက် ရရင်တော့ အင်္ဂါဂြိုလ်ဟာ ကမ္ဘာနဲ့ နီးကပ်လာဖို့ကို နောက်နှစ် 2287ခုနှစ်ထိ စောင့်ကြရ မှာတဲ့နော့်။ ကဲသူငယ်ချင်းတို့ရေ... တစ်ယောက်နဲ့ တစ်ယောက် လက်တို့ပြီး သတင်းလေးကိုဖြန့်ဝေပေး လိုက်ပါဦး ။ကြုံတောင့်ကြုံခဲမို့လို့ပါ။ တော်နေ ဒီအကြိမ် မကြည့်လိုက် ရရင်2287 ခုနှစ်ထိကို မသေချာပဲ စောင့်စား နေရမှာ စိုးလို့နော်။ ကဲ.. နွှဲလိုက်ကြစို့... အော်..မေ့နေမှာစိုးလို့.....နေ့ရက်က 27ရက်၊ အချိန်က မနက် 12:30၊ နေရာကတော့ မိုးကောင်းကင်မှာပါ။ လနှစ်စင်းကို စောင့်ကြည့်ဖို့ မမေ့နဲ့နော်။

မွေးနေ့ 

မစုစုမွန်၏မွေးနေ့  ၂၉ရက်10လ1၉8၅နှစ်

Popular Posts