Pages

ထားဝယ်သားလေးဆိုက်မှအားလုံးကိုကြိုဆိုပါတယ်

Saturday, April 17, 2010

ထားဝယ်လူမျိုးရှိခဲ့

မြန်မာများနှင့် ထားဝယ်အတော်များများက ထားဝယ်လူမျိုးများကို ဗမာ လူမျိုးစုဟု ယူဆနေကြသည်။ ထားဝယ်များကိုယ်တိုင် ဒီလို အမြင်ရှိမှတော့ မြန်မာများယူဆတာ ပြောဆိုတာကိုအပြစ်ရယ်လို့မြင်စရာမရှိတော့ပါဘူး။
စကားကိုသီးသန့်ပြောနေသူလူမျိုးစုမှာသီးသန့်လူမျိုးမရှိဘူးဆိုရင်တော့အတော့်ကိုအံ့သြစရာကောင်းတဲ့အဖြစ်ပဲနေမှာပါ။
တကယ်တော့ တိကျတဲ့သမိုင်း သေချာတဲ့စာပေများ မရှိတာက ထားဝယ်များနှင့်အခြားတိုင်းရင်းသားများကို
ထားဝယ်ဟာ ဗမာ ပါလို့ေ၀၀ါးစေတဲ့အချက်တစ်ချက်ဖြစ်စေခဲ့ပါတယ်။
ဦးဇင်းကိုယ်တိုင်လဲအရင်က ဒီလိုပဲထင်ခဲ့ဖူးပါတယ်။ဒါပေမယ့် တခါတလေ တော့စဉ်းစားမိပါတယ် ဘာကြောင့်များ
ဗမာတွေနဲ့ လုံးဝမတူတဲ့စကားတွေထားဝယ်လူမျိုးတွေမှာရှိနေပါလိမ့်ပေါ့။ထားဝယ်ဟာ ဗမာ စစ်ခဲ့မယ်ဆိုရင်ပေါ့။
နောက်ပိုင်း စာလေးဘာလေးတွေလေ့လာမိ ဖတ်မိတော့မှပဲ ထားဝယ်ဟာ ဗမာ မဟုတ်လောက်ဘူးဆိုတဲ့အတွေးတွေစီး
ဝင်ခဲ့တာပါ တကယ်လို့ ဗမာထဲပါခဲ့မယ်ဆိုရင်တောင် ဗမာ့ အရင် ပေါ်ခဲ့တဲ့ ဗမာပဲဖြစ်လိမ့်မယ်လို့ ယူဆမိလာပြန်ရော။
ဘာဖြစ်လို့ဆို မြန်မာ (ဗမာ) စကားမှာ စကားလုံး နည်းနေသလို အသံထွက်လဲ တချို့ အခေါ်အဝေါ်တွေနဲ့ တခြားစီဖြစ်နေလို့ပါပဲ။ ထားဝယ်မှာတော့ ကိုယ်ပိုင်စကားရှိသလိုကိုယ်ပိုင်အသံပါရှိနေတာ။
ဖတ်မိ မှတ်မိ ခဲ့တဲ့ သမိုင်းကြောင်းလေးတွေကို တင်ပြပေးချင်ပါတယ်။ပြီးမှ ဆုံးဖြတ်ချက်ချပေါ့ ထားဝယ်
ဟာ ဗမာ လား သို့မဟုတ် ထားဝယ် ဟာ ထားဝယ် လားလို့ပေါ့။(ထားဝယ်လူမျိုးများ ထားဝယ်စကားကိုပြောခြင်းဖြင့် ဂုဏ်ယူ
စေချင်ပါ၏။ ရှေးဟောင်းစကားစစ်မို့ပါ)

မြန်မာ့သမိုင်းများတွင် လက်ခံထားသော ပုဂံတည်သည့်နှစ်မှာ
သက္ကရာဇ် ၂၁၁ (အေဒီ-၈၄၉)ဖြစ်ရာ
“မြန်မာ”သည် ပုဂံတည်ပြီးနောက်
အနည်းဆုံး နှစ်ပေါင်း သုံးရာ
ခန့်ကြာမှ ပေါ်လာသည်ကို တွေ့ရမည်။
ကျန်စစ်သားမင်းကြီး၏ နန်းတည်
ရှေးမွန်ကျောက်စာ (အေဒီ-၁၁၀၂)တွင်
မြန်မာကို “မိရ္မာ” (မြန်မာမဖြစ်သေး)ပေါ်ချိန်တွင်
ထားဝယ်မြို့စားများလှူဒါန်းပူဇော် သည့် အုတ်ခွက်ရုပ်ပွားဆင်းတုတော်များ၌ (မွန်ဘာသာဖြင့်) “၀ါယ်” ပေါ်နေနှင့်ပြီး
ဖြစ်ပါသည်။
(ဦးမြ၊ ရှေးဟောင်းအုတ်ခွက်
ရုပ်ပွား ဆင်းတုတော်များ၊
ပတွဲ-စာ ၅၇-၅၈)
လက်ရှိ ထားဝယ်မြို့မြောက်ဘက်
ရှစ်မိုင်ခန့်အကွာတွင်ရှိသည့်
(သာဂရ) ခေါ် ထားဝယ်မြို့ဟောင်း(လက်ရှိ-
မြို့ဟောင်းကျေးရွာ) သည် သက္ကရာဇ်(၁၁၃-၁၂၃)/
အေဒီ-(၇၅၁-၇၆၁)တွင် တည်သည်ဟု
အထောက်အထားရှိခဲ့ရာ “ပုဂံ”ထက်
(၉၈)နှစ် ခန့် စောနေပါသည်။
အေဒီ(၅၀၀)မှ အေဒီ(၈၃၂)အထိ တည်ရှိခဲ့သော
ဒုတိယ ပျူနိုင်ငံတော်“သရေခေတ္တရာ”နှင့်
ခေတ်ပြိုင်ဖြစ်နေပါသည်။
(ဗိုလ်မှူးဗရှင်၊ အနော်ရထာအရင်က
မြန်မာနိုင်ငံ၊ စာ-၈၁)
ယနေ့ မြန်မာစကား၊ စာအရေးအသားတို့တွင်
လုံးဝမရှိသော (လ-ဆွဲ)သံများ၊
(အော)သရနောက် “န” သတ်သံများသည်
ထားဝယ်စကား၌ ယနေ့တိုင်သုံးစွဲနေဆဲ
ဖြစ်ပြီး၊ ထိုအသံ(စာလုံးပေါင်းများ)သည်
မြန်မာထက်စော၍ ပေါ်ခဲ့သည်ဟု
ပညာရှင် များ ခန့်မှန်းအဆိုပြုထားသည့်
“ပျူစာ”တွင် ရှိနေခြင်း။
(မြစေတီကျောက်စာ လေးဘာသာ၊
နိုင်ငံတော်ပြတိုက်၊ ယဉ်ကျေးမှုဗိမာန်၊
၁၉၅၄)
ကောင်းကင်ဓာတ်ပုံမှ ဖတ်ရှုလေ့လာချက်အရ၊
သာဂရ(ထားဝယ်မြို့ဟောင်း) ၏
မြို့ရိုးသဏ္ဌာန်သည် ဘဲဥပုံလည်းမက
စက်ဝိုင်းပုံလည်းမကျသော အ၀န်းအ၀ိုင်း
ပုံသဏ္ဌာန်ရှိပြီး သရေခေတ္တရာမှ
မြို့ရိုးများနှင့်ဆင်တူနေခြင်း။
( ဦးအောင်မြင့် (သစ်တော) မြန်မာ့မြို့ဟောင်းများကို ကောင်းကင်ဓာတ်ပုံမှ ဖတ်ရှုလေ့လာချက်။
(လက်နှိပ်စက်မူ) အမှတ်-၂၊ ၁၉၇၃)
ဦးအောင်မြင့်(သစ်တော)၏
စာတမ်းများကို အထောက်အထားပြု့၍
တရားဝင် မြန်မာ့သမိုင်း ကျမ်းစာတစ်စောင်တွင်
ရှေးဟောင်းမြို့ဝိုင်းငါးမြို့
(သရေခေတ္တရာ၊ မိုင်းမော၊ ဝေသာလီ၊
ဝတီး နှင့် သာဂရ) တို့ကို စကေးပုံနှင့်တကွ
အရွယ်ပမာဏချင်း နှိုင်းယှဉ်ဖေါ်ပြထားရာ၊
သရေခေတ္တရာသည် အကြီးဆုံးဖြစ်၍
မိုင်းမောသည် ဒုတိယ ဖြစ်သည်ကို
တွေ့ရပါသည်။ ဝေသာလီ၊ ၀တီး
နှင့် သာဂရတို့မှာ တတိယ၊ စတုတ္ထ
နှင့် ပဉ္စမ အသီးသီးတို့ဖြစ်ကြပါသည်။
အရွယ်ပမာဏအားဖြင့် ခြားနားမှုရှိသော်
လည်း မြို့ဝိုင်းပုံမှာ ဆင်တူသည်ဟု
ဖော်ပြနေပါသည်။
ယင်းသို့ဖြစ်၍၊ ရှေးဟောင်းမြန်မာကျောက်စာများနှင့် ပြိုင်သော “ထားဝယ် စကား” သည် တိုးတက်လျက်ရှိသော ယနေ့“မြန်မာစကား”ထက်
နှစ်ပေါင်း(၈၀၀) ခန့် စော၍
ယဉ်ကျေးမှု သက်သေခံလျက်ရှိ၏။
ထို့ကြောင့် ကျွန်ုပ်တို့သည်
မြန်မာ နိုင်ငံရှိဒေသန္တရစကားများကို
တတ်နိုင်သမျှလေ့လာကြရာ၏။
ယဉ်ကျးးမှုမဲ့ သည်ဟု အထင်ခံရသော
“ထားဝယ်စကား” သည် ယဉ်ကျေးမှုနှင့်ပြည့်ဝလျက်ရှိကြောင်း သိရ သကဲ့သို့ ကျန်ဒေသန္တရဘာသာစကားများ၌လည်း
ယဉ်ကျေးမှုအချက်အလက်များ တွေ့ရပေလိမ့်မည်။
( ဦးဖေမောင်တင်၊ ဘာသာစကား
ယဉ်ကျေးမှု၊ မြန်မာ့ဝတ္ထုသမိုင်းအစနှင့်
. . စာ-၃၁၀)
( ယခုတင်ပြခဲ့သောာ အချက်အလက်များအားလုံးသည်
စာတမ်းရှင် “ဆရာ မောင်လေးတင့်”
၏ စုစည်းမှုဖြစ်ပါသည်။ )

မှတ်ချက်။ ။ ဘယ်သူ ဘယ်လူမျိုးကိုမှထိခိုက်စေလို သွေးကွဲစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီပိုစ်ကိုရေးတာ
မဟုတ်ရပါဘူး။တိကျသေချာတဲ့သမိုင်းတစ်ခုကို သိစေချင်ရုံသက်သက်ပါ။သမိုင်းမရှိလို့သိခွင့်မရရင်ကိစ္စ
မရှိပေမယ့် သမိုင်းရှိရက်နဲ့ သိခွင့်မရဘူးဆိုရင်တော့အတော့်ကိုနစ်နာလှပါတယ်။အခုရေးသူဟာ ရဟန်း
တစ်ပါးဖြစ်တယ်ဆိုတာသိထားရင် ရဟန်းတွေရဲ့ ရည်ရွယ်ချက်ကိုအားလုံးသိကြမယ်ထင်ပါတယ်။
ရဟန်းများရဲ့ အလုပ်က အမှန်ကိုအမှန်အတိုင်းသိခွင့်ပေးဖို့ပါ ပြီးတော့ မှိုင်းစွဲနေတဲ့အတွေးများကို ဖျောက်
ပေးဖို့ပါ။

No comments:

Popular Posts