Pages

ထားဝယ်သားလေးဆိုက်မှအားလုံးကိုကြိုဆိုပါတယ်

Saturday, June 20, 2009

dawei

လွမ်းတယ်...
ထားဝယ်မြို့ကြီးကိုလွမ်းတယ်...
မနက်တိုင်းတို့ဖူးနွေးသွားစားတဲ့ မာကျူရီကိုလွမ်းတယ်...
ညဘက်သူငယ်ချင်းတွေနဲ့ထိုင်ဖြစ်တဲ့ ပွင့်ဦးက ကိုးရီးယားတုတ်ထိုးကိုလွမ်းတယ်...
မောင်းမကန်သွားတိုင်းစားဖြစ်တဲ့ မရင်ဆိုင်က ပင်လယ်စာထမင်းကြော်ကိုလွမ်းတယ်...
အိမ်ရှေ့ဝက်သားကင်ဆိုင်က အခေါက်ကင်သုပ်ကိုလွမ်းတယ်...
သောကြာပြင်က ဘဲသားသုပ် နဲ့ ဆန်ပြုတ်ကိုလွမ်းတယ်...
3D ကကြေးအိုးဆီချက်. miss you ကပုစွန်အစိမ်းသုပ်. ကြက်လျှာစွန်းက ခေါက်ဆွဲကြော်. ဒေါ်ကြီးဆိုင်ကမုန့်ဟင်းခါး. စိုးစံပြကကွေးတရို့ကြော်.ရွှေဝယ်သီရိက မလိုင်.နံပြား တွေကိုလွမ်းတယ်... လွမ်းတယ်...လွမ်းတယ်...
ဆောင်းတွင်းမှာ စွတ်ကျယ်အကျီနဲ့ဆိုင်ကယ်စီးတဲ့အရသာကိုလွမ်းတယ်...
မနက်စောစော ထန်းပင်တန်းက ထန်းရည်ချိုမြမြ ကိုလွမ်းတယ်...
ဘုရားလှည့်.သပိတ်မျှော.သင်္ကြန်.တရုတ်ညဈေး. နဲ့ ဘုရားကြီးကဘုရားပွဲတွေကိုလွမ်းတယ်...
အခုထားဝယ်မှာမရှိတော့တဲ့ကောင်မလေးတစ်ယောက်ကိုလည်းလွမ်းတယ်...
စာအုပ်အသစ်ရောက်တိုင်းချန်ပေးထားတဲ့ မြကြေးစည်သံကိုလွမ်းတယ်...
ညဘက်ရောက်တိုင်းဂစ်တာတီးခဲ့တဲ့နေ့ရက်တွေကိုလွမ်းတယ်...
ကင်းတဲလေးမှာပေါ်ကာဆွဲတဲ့အချိန်တွေကိုလွမ်းတယ်...
ရွှေဝယ်သဇင်ကဘီယာအေးအေးလေးကိုလွမ်းတယ်...
အထက(၁)မှာ ပြန်မရနိုင်တော့တဲ့ကျောင်းသားဘဝကိုလွမ်းတယ်...
လွမ်းတယ်...
လွမ်းတယ်...
လွမ်းတယ်...
ထားဝယ်ရယ် မင်းနဲ့ငါဘယ်တော့မှပြန်ဆုံမှာလဲ



WRITTEN
my new friend ko သံလွင် HeRo
singapore

Thursday, June 4, 2009

I'm nobody!
Who are you?
Are you nobody, too?
Then there's a pair of us — don't tell!
They'd banish us, you know.
How dreary to be somebody!
How public, like a frog
To tell your name the livelong day
To an admiring bog!
(Emily Dickinson )

တကယ်တော့ ငါဟာ ဘာမှ မဟုတ်ပါဘူးလေ-
နင်ကရော-
နင်လည်း ဘာမှ မဟုတ်ဘူး မဟုတ်လား-
ဒါဆို- ငါတို့ နှစ်ယောက် အတူတူပေါ့-
လျှောက် တော့ မပြောလေနဲ့
သူတို့က.. တို့ကို ကန်ထုတ်ပြစ်လိမ့်မယ်- သိလား

တပ်မက် စရာ ကောင်းလှတဲ့..ရွှံ့နွံတွေထဲမှာ-
ဖားတကောင်လို တအွမ်အွမ် အသံပေးရင်း-
တစုံတယောက် ဖြစ်ဖို့ -
နင့် သမိုင်းကြောင်းတွေ အဓွန့်ရှည်ဖို့ ဆိုတာ-
ဘယ်လောက်တောင် စိတ်ပင်ပန်းစရာ ကောင်းသလည်း လို့။

သစ္စာတရား ရှာပုံတော်

ကောင်းကင်တံခါး ပွင့်ပြီလား...
ကျွန်ုပ်အား အပြစ်မှ လွှတ်တော်မူပါ ဘုရား....

အသူရကာယ်ဘုံ ဘယ်နှယ်ဆင့် များ...
အပါယ်ငရဲမှ ကင်းရပါစေသား...

သစ္စာတရားအား ငါတွေ့ခဲ့ရ...
.. အတ္တ ...

Wednesday, June 3, 2009

အတွေး

မင်းကိုလွမ်းတဲ့ အလွမ်း ဘယ်လိုများကြမ်းရပါ့ ဂရေဟမ်ဘဲလ် လဲမတတ်နိုင် ဘီလ်ဂိတ်ကြီးလဲ ငုတ်တုတ်ကြီးမှိုင် လို့.. မင်းဆီအရောက်လာဖို့ ကားလ်ဘင့်ဇ် ကိုစီးရမလား ဂျော့ခ်ျ စတီဗင်ဆင် ကိုစီးရမလား.. စဉ်းစားရကျပ်တယ်.. ရိုက်ညီနောင် ကိုမျက်စပစ်တော့.. "တန်ရာ တန်ရာ ပေါ့ကွာ " တဲ့ " အနူဖင်နဲ့ ရွှေယဉ်မစီးချင်စမ်းပါနဲ့" တဲ့ ကဲ...အိုင်းစတိုင်း ရေ.. ခင်ဗျား ရီလေတီဗီတီ ကြီးနဲ့ပဲ အချိန်တွေကို နောက်ပြန်ရွှေ့ပေးစမ်းပါတော့.....။

Popular Posts