Pages

ထားဝယ်သားလေးဆိုက်မှအားလုံးကိုကြိုဆိုပါတယ်

Saturday, April 17, 2010

ထားဝယ်လူမျိုးရှိခဲ့

မြန်မာများနှင့် ထားဝယ်အတော်များများက ထားဝယ်လူမျိုးများကို ဗမာ လူမျိုးစုဟု ယူဆနေကြသည်။ ထားဝယ်များကိုယ်တိုင် ဒီလို အမြင်ရှိမှတော့ မြန်မာများယူဆတာ ပြောဆိုတာကိုအပြစ်ရယ်လို့မြင်စရာမရှိတော့ပါဘူး။
စကားကိုသီးသန့်ပြောနေသူလူမျိုးစုမှာသီးသန့်လူမျိုးမရှိဘူးဆိုရင်တော့အတော့်ကိုအံ့သြစရာကောင်းတဲ့အဖြစ်ပဲနေမှာပါ။
တကယ်တော့ တိကျတဲ့သမိုင်း သေချာတဲ့စာပေများ မရှိတာက ထားဝယ်များနှင့်အခြားတိုင်းရင်းသားများကို
ထားဝယ်ဟာ ဗမာ ပါလို့ေ၀၀ါးစေတဲ့အချက်တစ်ချက်ဖြစ်စေခဲ့ပါတယ်။
ဦးဇင်းကိုယ်တိုင်လဲအရင်က ဒီလိုပဲထင်ခဲ့ဖူးပါတယ်။ဒါပေမယ့် တခါတလေ တော့စဉ်းစားမိပါတယ် ဘာကြောင့်များ
ဗမာတွေနဲ့ လုံးဝမတူတဲ့စကားတွေထားဝယ်လူမျိုးတွေမှာရှိနေပါလိမ့်ပေါ့။ထားဝယ်ဟာ ဗမာ စစ်ခဲ့မယ်ဆိုရင်ပေါ့။
နောက်ပိုင်း စာလေးဘာလေးတွေလေ့လာမိ ဖတ်မိတော့မှပဲ ထားဝယ်ဟာ ဗမာ မဟုတ်လောက်ဘူးဆိုတဲ့အတွေးတွေစီး
ဝင်ခဲ့တာပါ တကယ်လို့ ဗမာထဲပါခဲ့မယ်ဆိုရင်တောင် ဗမာ့ အရင် ပေါ်ခဲ့တဲ့ ဗမာပဲဖြစ်လိမ့်မယ်လို့ ယူဆမိလာပြန်ရော။
ဘာဖြစ်လို့ဆို မြန်မာ (ဗမာ) စကားမှာ စကားလုံး နည်းနေသလို အသံထွက်လဲ တချို့ အခေါ်အဝေါ်တွေနဲ့ တခြားစီဖြစ်နေလို့ပါပဲ။ ထားဝယ်မှာတော့ ကိုယ်ပိုင်စကားရှိသလိုကိုယ်ပိုင်အသံပါရှိနေတာ။
ဖတ်မိ မှတ်မိ ခဲ့တဲ့ သမိုင်းကြောင်းလေးတွေကို တင်ပြပေးချင်ပါတယ်။ပြီးမှ ဆုံးဖြတ်ချက်ချပေါ့ ထားဝယ်
ဟာ ဗမာ လား သို့မဟုတ် ထားဝယ် ဟာ ထားဝယ် လားလို့ပေါ့။(ထားဝယ်လူမျိုးများ ထားဝယ်စကားကိုပြောခြင်းဖြင့် ဂုဏ်ယူ
စေချင်ပါ၏။ ရှေးဟောင်းစကားစစ်မို့ပါ)

မြန်မာ့သမိုင်းများတွင် လက်ခံထားသော ပုဂံတည်သည့်နှစ်မှာ
သက္ကရာဇ် ၂၁၁ (အေဒီ-၈၄၉)ဖြစ်ရာ
“မြန်မာ”သည် ပုဂံတည်ပြီးနောက်
အနည်းဆုံး နှစ်ပေါင်း သုံးရာ
ခန့်ကြာမှ ပေါ်လာသည်ကို တွေ့ရမည်။
ကျန်စစ်သားမင်းကြီး၏ နန်းတည်
ရှေးမွန်ကျောက်စာ (အေဒီ-၁၁၀၂)တွင်
မြန်မာကို “မိရ္မာ” (မြန်မာမဖြစ်သေး)ပေါ်ချိန်တွင်
ထားဝယ်မြို့စားများလှူဒါန်းပူဇော် သည့် အုတ်ခွက်ရုပ်ပွားဆင်းတုတော်များ၌ (မွန်ဘာသာဖြင့်) “၀ါယ်” ပေါ်နေနှင့်ပြီး
ဖြစ်ပါသည်။
(ဦးမြ၊ ရှေးဟောင်းအုတ်ခွက်
ရုပ်ပွား ဆင်းတုတော်များ၊
ပတွဲ-စာ ၅၇-၅၈)
လက်ရှိ ထားဝယ်မြို့မြောက်ဘက်
ရှစ်မိုင်ခန့်အကွာတွင်ရှိသည့်
(သာဂရ) ခေါ် ထားဝယ်မြို့ဟောင်း(လက်ရှိ-
မြို့ဟောင်းကျေးရွာ) သည် သက္ကရာဇ်(၁၁၃-၁၂၃)/
အေဒီ-(၇၅၁-၇၆၁)တွင် တည်သည်ဟု
အထောက်အထားရှိခဲ့ရာ “ပုဂံ”ထက်
(၉၈)နှစ် ခန့် စောနေပါသည်။
အေဒီ(၅၀၀)မှ အေဒီ(၈၃၂)အထိ တည်ရှိခဲ့သော
ဒုတိယ ပျူနိုင်ငံတော်“သရေခေတ္တရာ”နှင့်
ခေတ်ပြိုင်ဖြစ်နေပါသည်။
(ဗိုလ်မှူးဗရှင်၊ အနော်ရထာအရင်က
မြန်မာနိုင်ငံ၊ စာ-၈၁)
ယနေ့ မြန်မာစကား၊ စာအရေးအသားတို့တွင်
လုံးဝမရှိသော (လ-ဆွဲ)သံများ၊
(အော)သရနောက် “န” သတ်သံများသည်
ထားဝယ်စကား၌ ယနေ့တိုင်သုံးစွဲနေဆဲ
ဖြစ်ပြီး၊ ထိုအသံ(စာလုံးပေါင်းများ)သည်
မြန်မာထက်စော၍ ပေါ်ခဲ့သည်ဟု
ပညာရှင် များ ခန့်မှန်းအဆိုပြုထားသည့်
“ပျူစာ”တွင် ရှိနေခြင်း။
(မြစေတီကျောက်စာ လေးဘာသာ၊
နိုင်ငံတော်ပြတိုက်၊ ယဉ်ကျေးမှုဗိမာန်၊
၁၉၅၄)
ကောင်းကင်ဓာတ်ပုံမှ ဖတ်ရှုလေ့လာချက်အရ၊
သာဂရ(ထားဝယ်မြို့ဟောင်း) ၏
မြို့ရိုးသဏ္ဌာန်သည် ဘဲဥပုံလည်းမက
စက်ဝိုင်းပုံလည်းမကျသော အ၀န်းအ၀ိုင်း
ပုံသဏ္ဌာန်ရှိပြီး သရေခေတ္တရာမှ
မြို့ရိုးများနှင့်ဆင်တူနေခြင်း။
( ဦးအောင်မြင့် (သစ်တော) မြန်မာ့မြို့ဟောင်းများကို ကောင်းကင်ဓာတ်ပုံမှ ဖတ်ရှုလေ့လာချက်။
(လက်နှိပ်စက်မူ) အမှတ်-၂၊ ၁၉၇၃)
ဦးအောင်မြင့်(သစ်တော)၏
စာတမ်းများကို အထောက်အထားပြု့၍
တရားဝင် မြန်မာ့သမိုင်း ကျမ်းစာတစ်စောင်တွင်
ရှေးဟောင်းမြို့ဝိုင်းငါးမြို့
(သရေခေတ္တရာ၊ မိုင်းမော၊ ဝေသာလီ၊
ဝတီး နှင့် သာဂရ) တို့ကို စကေးပုံနှင့်တကွ
အရွယ်ပမာဏချင်း နှိုင်းယှဉ်ဖေါ်ပြထားရာ၊
သရေခေတ္တရာသည် အကြီးဆုံးဖြစ်၍
မိုင်းမောသည် ဒုတိယ ဖြစ်သည်ကို
တွေ့ရပါသည်။ ဝေသာလီ၊ ၀တီး
နှင့် သာဂရတို့မှာ တတိယ၊ စတုတ္ထ
နှင့် ပဉ္စမ အသီးသီးတို့ဖြစ်ကြပါသည်။
အရွယ်ပမာဏအားဖြင့် ခြားနားမှုရှိသော်
လည်း မြို့ဝိုင်းပုံမှာ ဆင်တူသည်ဟု
ဖော်ပြနေပါသည်။
ယင်းသို့ဖြစ်၍၊ ရှေးဟောင်းမြန်မာကျောက်စာများနှင့် ပြိုင်သော “ထားဝယ် စကား” သည် တိုးတက်လျက်ရှိသော ယနေ့“မြန်မာစကား”ထက်
နှစ်ပေါင်း(၈၀၀) ခန့် စော၍
ယဉ်ကျေးမှု သက်သေခံလျက်ရှိ၏။
ထို့ကြောင့် ကျွန်ုပ်တို့သည်
မြန်မာ နိုင်ငံရှိဒေသန္တရစကားများကို
တတ်နိုင်သမျှလေ့လာကြရာ၏။
ယဉ်ကျးးမှုမဲ့ သည်ဟု အထင်ခံရသော
“ထားဝယ်စကား” သည် ယဉ်ကျေးမှုနှင့်ပြည့်ဝလျက်ရှိကြောင်း သိရ သကဲ့သို့ ကျန်ဒေသန္တရဘာသာစကားများ၌လည်း
ယဉ်ကျေးမှုအချက်အလက်များ တွေ့ရပေလိမ့်မည်။
( ဦးဖေမောင်တင်၊ ဘာသာစကား
ယဉ်ကျေးမှု၊ မြန်မာ့ဝတ္ထုသမိုင်းအစနှင့်
. . စာ-၃၁၀)
( ယခုတင်ပြခဲ့သောာ အချက်အလက်များအားလုံးသည်
စာတမ်းရှင် “ဆရာ မောင်လေးတင့်”
၏ စုစည်းမှုဖြစ်ပါသည်။ )

မှတ်ချက်။ ။ ဘယ်သူ ဘယ်လူမျိုးကိုမှထိခိုက်စေလို သွေးကွဲစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီပိုစ်ကိုရေးတာ
မဟုတ်ရပါဘူး။တိကျသေချာတဲ့သမိုင်းတစ်ခုကို သိစေချင်ရုံသက်သက်ပါ။သမိုင်းမရှိလို့သိခွင့်မရရင်ကိစ္စ
မရှိပေမယ့် သမိုင်းရှိရက်နဲ့ သိခွင့်မရဘူးဆိုရင်တော့အတော့်ကိုနစ်နာလှပါတယ်။အခုရေးသူဟာ ရဟန်း
တစ်ပါးဖြစ်တယ်ဆိုတာသိထားရင် ရဟန်းတွေရဲ့ ရည်ရွယ်ချက်ကိုအားလုံးသိကြမယ်ထင်ပါတယ်။
ရဟန်းများရဲ့ အလုပ်က အမှန်ကိုအမှန်အတိုင်းသိခွင့်ပေးဖို့ပါ ပြီးတော့ မှိုင်းစွဲနေတဲ့အတွေးများကို ဖျောက်
ပေးဖို့ပါ။

Tuesday, April 6, 2010

မဟောင်းသေးတဲ့နှစ်သစ်

မန္တလေး၊ မော်လမြိုင်၊ ရန်ကုန် ဆိုတဲ့ သင်္ကြန်
အခုဒီနှစ် နေပြည်တော် သင်္ကြန်အသစ်နဲ့
အဟောင်းထဲကအသစ်................။

ခေတ်တွေအလီလီပြောင်းလဲ
မပြောင်းလဲတဲ့ အတာသင်္ကြန်
ရေလောင်းသူနဲ့ ပတ်သူ
အရင်တုန်းက
သပြေရွက်
အခုတော့ ရေပိုက်တပ်
အဟောင်းတွေနဲ့ သစ်နေတယ်.............။

ဟိုအရင်တစ်ခတ်
ကျုံးပတ်လည် စက်ဘီးစီးလို့လည်
လွန်ခဲ့တဲ့ ဆယ်စုနှစ်
ကျုံးပတ်လည် ဆိုင်ကယ်တွေနဲ့
ပြီပြင်လှတဲ့ သင်္ကြန်ရယ်
ဟောင်းပေမယ့် သစ်နေတယ်..............။

အော်..........
သင်္ကြန်သင်္ကြန်
တစ်နှစ်တော့ရောက်လာပ.........
ချစ်စရာကောင်းတဲ့ တို့များယဉ်ကျေးမှုရိုးရာ
ရွံ့စရာကောင်းတဲ့ သရုပ်ပျက်မှုတွေနဲ့
ဖော်ဆောင်ထားတဲ့ မနှစ်က .............

ဒီနှစ်လဲချစ်စရာကောင်းပေါ့မလားသင်္ကြန်ရယ်.........................?

နီးစပ်မှုရှိလို့ တင်ပေးလိုက်တာပါ

သင်္ကြန် ရောက်တော့မယ်။ ကျောင်းတွေ ပိတ်တော့မှာမို့ ဒီအချိန်ဆို အရမ်းပျော်တယ်။ တခါတုန်းက တက္ကသိုလ် Main ရှေ့မှာ ကျောင်းသားအချင်းချင်း အပြန်အလှန် ရေလောင်းရင်း ပျော်မြူးခဲ့ကြဖူးတယ်။ အိမ်မပြန်ခင် သင်္ကြန်ကျသွားတာပေါ့လေ။

ငါလည်း နင့်ကို လောင်းဖို့ရေသန့်တစ်ဗူးဝယ်ထားတယ် သိလား။ ငါကိုယ်တိုင်ရေသန့် ဝယ်မသောက်နိုင် ရင်တောင်မှ နင့်ကိုတော့ သန့်ရှင်းတဲ့ ငါ့မေတ္တာအဖြစ် ဒီရေသန့်လေးနဲ့ လောင်းလိုက်ချင်လို့ပေါ့။ သနပ်ခါးဘဲကြားလေးနဲ့ Main ရှေ့ တမာပင်အောက်က ခုံဝိုင်းလေးမှာ ထိုင်နေတဲ့ နင့်ကို မြင်လိုက်ရတော့ ငါ့ရင်ထဲ အေးချမ်းလိုက်တာဟာ။ ဒီနွေဘယ်လောက်ပဲ ပူပါစေတော့။ နင့်မျက်နှာလေးက ငါ့အတွက် အိုအေစစ်လေးတစ်ခုပါဟာ။ နင့်ပါးထက်က သနပ်ခါးနံ့လေးက တမာရနံ့တွေကို အနိုင်ယူနေခဲ့တယ်လေ။


ငါက နင့်ဘေးကို ရေသန့်ဗူးလေးကိုင်ပြီး ရောက်လာတော့ “တကယ်လောင်းတော့မှာပေါ့လေ” ဆိုပြီး မပွင့်တပွင့်လေးပြုံးပြခဲ့တဲ့ နင့်ကို သင်္ကြန်ရောက်တိုင်း လွမ်းပါတယ်ဟာ။ နောက်တွဲလေးထုံးထားတဲ့ နင့်ဆံပင်လေးကို အသာအယာမပြီး နင့်ကို ငါ ရေလောင်းခဲ့ဖူးတယ်။

ကျန်တဲ့ရေတဝက်နဲ့ နင်ကလည်း ငါ့ကို ပြန်လောင်းခဲ့တယ်လေ။ အညာနွေရဲ့ အပူဒဏ်အောက်မှာ တို့အချင်းချင်း လောင်းခဲ့ကြတဲ့ ရေတွေ အခြောက်မြန်ခဲ့ပေမဲ့ ငါ့နှလုံးသားပေါ် နင်လောင်းခဲ့တဲ့ ရေတွေကတော့ ခုထိစိုနေတုန်းပါပဲဟာ။ ဦးထုပ်ငိုက်စိုက်ဆောင်းတတ်တဲ့ အနက်ရောင် အင်္ကျီအောက်မှာလည်း ဖြူစင်တဲ့ အချစ်တွေ ရှိနေခဲ့ဖူးပါတယ်။

ငါ့ နှလုံးသား သူငယ်တန်းဖတ်စာကို နင်နဲ့ အတူတူ ပထမဆုံး ဖတ်ခဲ့ဖူးတာပါ။ သင်ပုန်းကြီးမကျေသေးတဲ့ နှလုံးသားတစ်စုံနဲ့ ချစ်ခဲ့တာပါ။ တက္ကသိုလ်မှာ ၅ နှစ်ကြာတာတောင် အချစ်ဘာသာမှာ အောင်မှတ်မရခဲ့ဘူး ။ နင်နဲ့သာဆိုရင် ကမ္ဘာဆုံးအောင် ကြာရှည်နေရဖို့ ကြာပန်းတွေခူးပြီး ဘုရားမှာတူတူကပ်ချင်ပါ သေးတယ်။ ဘဝခရီးလမ်းတွေကို ဖြတ်ကျော်တဲ့အခါ နင့်လက်ကလေးကို ဆုပ်ကိုင်ထားချင်မိတယ်။ အချစ်လှေကလေးကို အတူတူစီးရင်း ပျော်ရွှင်စရာလေးတွေ ကြုံချင်ပါသေးတယ်။ ထားခဲ့လို့ နေခဲ့ရပေမဲ့ ငါ နင်ပြန်လာမဲ့ နေ့ကို ဒီနေ့ထိ စောင့်နေဆဲပါဟာ။ ငါ့ကန်လေးထဲက အချစ်တွေဟာ နင့်တစ်ယောက်တည်း အတွက်မို့ပေါ့။

ငါ့နှလုံးသားကန်ထဲမှာ အချစ်တွေပြည့်နေပြီဟ။ ငါ့ ရာသီဥတုကို နင့်စိတ်ကြိုက် ဖန်တီးပါတော့ဟာ။

သိကြားမင်းကြီးကို တိုင်တည်ပါတယ်။ ငါ ကြုံခွင့်ရှိမဲ့ သင်္ကြန်တစ်ခုရောက်ရင် ဘယ်လို အနေအထားမျိုးနဲ့ ပဲဖြစ်ဖြစ် နင့်ကို ရေတစ်ခွက်လောက် လောင်းလိုက်ချင်ပါသေးတယ်…

နင် မြင်တတ်မယ်ဆိုရင် ငါလောင်းမဲ့ရေတွေဟာ အသဲထဲစိမ့်အောင် အေးနေမှာပါ။


ငါ ဆုတောင်းပေးလိုက်တယ်နော်။

နင် ဒီသင်္ကြန်မှာ ပျော်ရွှင်ပါစေ

ခင်မင်လေးစားစွာဖြင့်


( စိတ်ကူးဖြင့် ပုံဖော်သည်။)

ဥာဏ်ကောင်းသူ ဆိုတာ

ကိုပေါ နှင့်  ကိုချာ သူငယ်ချင်း နှစ်ယောက် တွေ့ ဆုံကြရာ.....

ကိုပေါ က မေးတယ် ““ဥာဏ်ကောင်းတဲ့ သူနဲ့  ဥာဏ်တုံးတဲ့ သူနှစ်ယောက်

တွေ့ ဆုံပြီး ပြန်လည်ခွဲခွါရင် ဘယ်သူက အရင်နှုတ်ဆက်မလဲ..ကွ““

ကိုချာက...“ဟ...ဥာဏ်ကောင်းတဲ့ သူကအရင်ပေါ့  ““

ကိုပေါက..““.အော်..”“ ဒါဆိုငါသွာတော့ မယ်...တာ့ တာနော်””””


ကိုချာ.က..“ဟင်..ဟုတ် ““

သင်္ကြန်အတွက်ပါ

အတာတန်ခူး
ပျော်မြူးဆင်နွှဲ
မဟာသင်္ကြန်ပွဲ
သင်္ကြန်တေးသံ
မြန်ဆန်စွာရောက်
ပိတောက်ပန်းပန်
ကိုယ်ဟန်ကြော့ရှင်း
ယမင်းအလှ
သင်္ကြန်နွေမ

စည်းချက်နဲ့ အညီ
ကကွက်ပီစွာ
ညင်သာသွဲ့သွဲ့
နွဲ့နှောင်းပြုံးချို
ထိုထိုခဏ
ကြည့်လို့မ၀တဲ့
သင်္ကြန်နွေမ

နွေမ အလှ
ယဉ်စစနှင့်
စည်းချက် ၊ကကွက်
လိုက်ဖက်လွန်စွာ
စွဲမက်ဖွယ်ကောင်း
တစ်ခေါက်တောင်းဆို
နောက်တစ်ပုဒ်လောက်
ကပါဦးဗျို့

...............................

ပြုံးပျော်နိုင်ပါစေ

မြန်မာနိုင်ငံအတွင်း Internet သုံးစွဲကြသော ရဟန်း ရှင် လူ , သီလရှင်ပြည်သူများအတွက် ...

မြန်မာနိုင်ငံအတွင်း Internet သုံးစွဲကြသော ရဟန်း ရှင် လူ , သီလရှင်
ပြည်သူများအတွက် ...

အခါတပါးမှာ ခိုးသား ဓါးပြတွေ ကြီးစိုးနေတဲ့  နေရာကိုမှရွေးပြီး
တရားသွားအားထုတ်ချင်တဲ့  ရဟန်းတပါးကို မြတ်ဘုရားရှင်က ခေါ်တွေ့ပြီး
မေးမြန်း
ဟောပြော မှုပြုပါတယ် ။

ဘုရား > ငါ့ ရှင် ခိုးသား ဓါးပြတွေက အသင့် ကို ကြမ်းတမ်းစွာဆဲရေးတဲ့ အခါ ဘယ်လို
နှလုံးသွင်းဆင်ခြင်မလဲ ။
ရဟန်း> ဆဲရုံသာဆဲတာ ရိုက်ပုတ်မှုမလုပ်လို့  တော်ပါသေးတယ်ဆိုပြီး နှလုံးသွင်းပါ
့မယ် ။

ဘုရား> ရိုက်ပုတ် နှိပ်စက်ရင်ကော ဘယ်လို နှလုံးသွင်းမလဲ ။
ရဟန်း> ရိုက်ရုံသာရိုက်တာ ကိုယ်လက်အင်္ဂါကို မချိုးဖဲ့  မဖြတ်တောက်လို
့တော်ပါသေးတယ်လို့ 
နှလုံးသွင်းပါ့ မယ် ။

ဘုရား> ကိုယ်လက်အင်္ဂါကို ဖြတ်တောက် နှိပ်စက်ခဲ့ ရင်ကော ဘယ်လိုနှလုံးသွင်းမလဲ ။
ရဟန်း> ဖြတ်ရုံသာ ဖြတ်သာ အသေမသတ်လို့ တော်ပါသေးတယ် ဆိုပြီး
နှလုံးသွင်းပါ့ မယ်


ဘုရား> သေအောင်သတ်ခဲ့ ရင်ကော ဘယ်လို နှလုံးသွင်းမလဲ ။
ရဟန်း> တနေ့ ကျသေရမှာဘဲ သူတို့ ကြောင့်  မြန်မြန် ၀ဋ်ကျွတ်ရပေတယ်လို့ ဆိုပြီး
နှလုံးသွင်းပါ့ မယ် ။

မြတ်ဘုရားလည်း ရဟန်းရဲ့  ဆင်ခြင်သီးခံနိုင်မှုကိုစိတ်ချပြီး
ရဟန်းသွားလိုရာအရပ်ကို ခွင့် 
ပြုလိုက်ပါတယ် ။

မြန်မာပြည်မှာ Internet အသုံးပြုမယ်ဆိုရင်လည်း အထက်ကဖော်ပြခဲ့ တဲ့ 
ရဟန်းတော်လို သီးခံနှလုံးသွင်း ဆင်ခြင်နိုင်ဖို့ လိုအပ်ပါတယ် ။
ဒါမှ စိတ်ညစ်/စိတ်ပျက်မှု ဒေါသတွေ တစစလျော့ နဲပြီး သီးခံနိုင်စွမ်း ပြည်
့ဝတဲ့ 
အမျိုးကောင်းသား/သမီးတွေ ဖြစ်လာမှာအမှန်ပါ ။
ဒါကြောင့်  အောက်မှာဖော်ပြထားတဲ့ အတိုင်း လိုက်နာဆောင်ရွက်နိုင်ခဲ့ ရင်ဖြင့် 
သင်ဟာ Internet သုံးစွဲရင်း ကုသိုလ်စိတ်တွေ တိုးပွားရရှိနိုင်ပါစေဟု
စေတနာအရင်းခံဖြင့်  တင်ပြအပ်ပါသည် ။


1. သင်အသုံး ပြုနေတဲ့  Internet ရဲ့  နှေးကွေး လေးလံ ထိုင်းမှိုင်းမှုတွေက သင်
့ကို စိတ်တို စိတ်ပျက် ဒေါသထွက်အောင် ဖန်တီးနေတယ်ဆိုရင်
သင်ဘယ်လိုနှလုံးသွင်းမလဲ ။
သင်> အော် ... နှေးကွေး လေးလံရုံလေးပါ ဖွင့် ကြည့် လို့ ရလို့တော်ပါသေးရဲ့
ဆိုပြီးနှလုံး သွင်းပါ့ မယ်။

2. သင်ကြည့် ချင်တဲ့  Site ကို Ban ထားခဲ့ ရင် သင်ဘယ်လို နှလုံးသွင်းမလဲ ။
သင်> သည် Site ကို မကြည့် သင့် လို့  Ban တာဘဲ တခြား Site တွေကြည့် လို့ ရလို့ 
တော်သေးတာပေါ့ ဆိုပြီး နှလုံးသွင်းပါ့ မယ် ။

3. ISP Server Down လို့  Internet အဆက် လုံးဝပြတ်သွားတာမျိုးနှင် သင်ကြုံခဲ
့ရင် ဘယ်လိုနှလုံးသွင်းမလဲ ။
သင်> တချိန်ချိန်တော့  ပြန်ရတန်ကောင်းရဲ့ လို့  နှလုံးသွင်းပြီး သီးခံစောင်
့နေပါ့ မယ် ။

4. သင်ဟာ Complaint များတဲ့ အတွက် သင့် ရဲ့ Internet Access ကို အပြီး
ရပ်စဲခြင်း ခံရရင် ဘယ်လိုနှလုံးသွင်းမလဲ ။
သင်> တနေ့ တနေ့  ISP Server Down သွားမလား / Upgrade လုပ်တယ်ဆိုပြီး
အဆက်ပြတ်သွားမလား / Exchange Black Out ဖြစ်သွားမလား /
... စသည့်  စိုးရိမ်ပူပန်ထိတ်လန့် မှု တွေက လွတ်ကင်းသွားတယ်လို့ ဘဲ
နှလုံးသွင်း ဆင်ခြင်ပါ့ မယ် ။

# Internet အသုံးပြုကြသူများ `သီးခံမှုထား ကုသိုလ်ပွားကြပါစို့ `

Popular Posts