Pages

ထားဝယ်သားလေးဆိုက်မှအားလုံးကိုကြိုဆိုပါတယ်

Tuesday, August 31, 2010

ပန်းချီဆရာကြီး ဦးဘကြည်ကို အထူးမိတ်ဆက်ပြီးပြောပြစရာမလိုလောက်။ဖတ်ရှုသူအားလုံး
သိကြမည်ထင်ပါ၏။ သို့သော်လည်း နည်းနည်းလောက်တော့ပြောပြချင်ပါသည်။ မြန်မာပန်းချ
လောက၏ဖခင်တစ်ဦး စွယ်စုံပန်းချီဆရာကြီးဟုပြောရပါမည်။ ပြင်သစ်၊ အမေရိကန် နိုင်ငံတွေက
ပညာသင်ဆုတွေကို ရရှိခဲ့ပြီး ပန်းချီပညာတွေဆည်းပူးသင်ယူခဲ့သူပါ။ ဆရာကြီးရဲ့ကျော်ကြားထင်ရှားတဲ့
ပန်ချီလက်ရာတွေတွေ့ဘူးချင်တယ်ဆိုရင်တော့ တာ့ရှ်ကင့်ပြတိုက်၊ ပီကင်းအမျိုးသားပြတိုက်၊ ဟော်လန်
နိုင် အမ်စတာဒန်မြို့မှာရှိတဲ့ပြတိုက်၊ ဗုဒ္ဓဂါယာ တွေမှာ ရှိပါတယ်။(ရောက်ဖူးခဲ့ရင် သွားကြည့်လို့ရအောင် :D)အဲ ရန်ကုန်မှာဆိုရင်တော့ရန်ကုန် အမျိုးသားပြတိုက်ပေါ့နော်... ပြီးတော့ ရန်ကုန်မင်္ဂလာဒုံလေဆိပ်ကစတုရန်းပေ ၃၀၀၀ ရှိတဲ့နံရံပန်ချီကားကြီးရှိတယ်။ ရွှေတိဂုံစေတီနဲ့ဗိုလ်တစ်ထောင်ဘုရားမှာလည်း ဆီဆေးကားတွေရှိတယ်။ မြန်မာမှုဟန်တွေနဲ့ရေးသားသရုပ်ဖေါ်ထားတဲ့ ဦးဘကြည်ရဲ့ဇာတ်တော်ကြီး ဆယ်ဘွဲ့ကိုရှာတွေ့လို့ပန်းချ င်္ီဝါသနာရှင်တွေ ဖတ်ရှု၊ကြည့်ရှုလို့ရအောင်မျှဝေပေးလိုက်ပါတယ်။

ရှားရှားပါးပါး ဦးဘကြည်၏ ပန်းချီလက်ရာနှင့်အတူ ဇာတ်ကြီးဆယ်ဘွဲ့ ဖတ်ချင်သူများအတွက်...           ဒီမှာ download ယူပြီးဖတ်နိုင်ပါတယ်
ရှားရှားပါးပါး ဦးဘကြည်၏ ပန်းချီလက်ရာနှင့်အတူ ဇာတ်ကြီးဆယ်ဘွဲ့ ဖတ်ချင်သူများအတွက် ဒီမှာ download ယူပြီးဖတ်နိုင်ပါတယ်



Saturday, August 14, 2010

ရိုးသားခြင်း

ရိုးသားခြင်းသည်ကောင်းသောလက္ခဏာဖြစ်ပါသည်၊ ရိုးသားနိုင်လေ ကောင်းလေဖြစ်၏ ၊
သို့သော် ကောင်းသလောက်ပြည့်ဝရန် ခက်ခဲသောအရာဖြစ်သည်၊ ရိုးသားမှုရှိကြပါသည်၊
ထိုသို့ရှိကြသော်လည်း မပြည့်ဝသည်ကများ၏၊၊ ကျွန်တော်လည်းထို့အတူဖြစ်၏၊

ကျွန်တော်တို့အားလုံး ကိုယ်တိုင်အစွမ်းကုန်ရိုးသားရန်မလွယ်ကူသော်လည်း၊
ရိုးသားခြင်းကိုနှစ်သက်ကြသည်၊
ရိုးသားသူများကို သဘောကျကြသည်၊
အလိုရှိကြပါသည်၊ အဘယ့်ကြောင့်ဆိုသော် ထိုသူများသည် အများအားဖြင့်
သစ္စာရှိတတ်ကြသဖြင့် အတူတကွ ပေါင်းသင်း လုပ်ကိုင်ရာ၌ စိတ်ချရခြင်း
အဆင်ပြေခြင်းတို့ကြောင့်ဖြစ်ပါသည်၊ ရိုးသားခြင်းနှင့် သစ္စာတရားသည်
သဘောသွားမတူသော်လည်း နှီးနွယ်နေတတ်သည်ဟု ကျွန်တော်ထင်ပါသည်၊
များသောအားဖြင့် ရိုးဖြောင့်သူများသည် မှန်ကန်စွာပြုလုပ်ပြောဆို
တတ်ကြသောကြောင့် သစ္စာရှိသည်ဟုဆိုရပါမည်၊ ထိုသူတို့၌
မသိနားမလည်၍မကျွမ်းကျင်၍ မှားတတ်သည်များတော့ ရှိကြပါ၏၊ ၎င်းကို
သစ္စာမရှိဟုအလွယ်ပြော၍ မဖြစ်နိုင်ပါ၊
လောက၌ "ရိုးသားခြင်း"သည် ကောင်းသော်လည်း "ရိုးအ,ခြင်း"ကား မကောင်းပါ၊

ထို့ကြောင့်အချို့သူများသည် ကြီးပွားတိုးတက်ရေး၌
အလွန်ရိုးသားခြင်းသည်မကောင်းဟု ထင်တတ်ကြပါသည်၊ အမှန်မှာ
ထိုသို့ဖြစ်ခြင်းသည်
ရိုးသားခြင်းနှင့်ရိုးအ,ခြင်းကို ကွဲပြားစွာမသိလို့ဟု ကျွန်တော်ထင်ပါသည်၊
ထို့ကြောင့်

ရိုးခြင်းနှင့် အ,ခြင်းကို ခြားနားစွာနားလည်ဖို့လိုပါသည်၊ အမှန်ဆိုလျှင်
ရိုးသားခြင်းဂုဏ်ရည်မှာ
ပိုင်ဆိုင်ရန် တကယ်မလွယ်သောအရာဖြစ်ပါသည်၊
ပင်ကိုယ်စိတ်ဓာတ်အခံကောင်းသူများနှင့်
စိတ်ကောင်းကိုမွေးမြူထူထောင်သောသူများသာ ၎င်းဂုဏ်ရည်ကို
ပိုင်ဆိုင်နိုင်ပါသည်၊
ကြိုးစားရသောအဆန်လမ်းဖြစ်သောကြောင့်မလွယ်ကူဟုဆိုလိုပါသည်၊
မရနိုင်ခြင်းကားမဟုတ်
ကြိုးစား၍တည်ထောင်လျှင်ရနိုင် ပါသည်၊ ထို့ကြောင့်ရိုးသားခြင်းသည်ကောင်း၏ ၊
(အလွန်ကောင်း၏)အကောင်းကိုအလိုရှိကြသည်သာဖြစ်သောကြောင့် ကြိုးစားထူထောင်၍
ရယူပိုင်ဆိုင်သင့်လှပါသည်။


ကြိုးစားခြင်း



ကြိုးစားခြင်းဆိုသည်ကို အများအားဖြင့်သိကြပြီးဖြစ်ပါသည်၊
အလွယ်တကူရသောအရာကို သိပ်တန်ဖိုးမထားတတ်ကြသော်လည်း၊
ကြိုးစား၍ရယူထားရသောအရာကိုကား ဆုံးရှုံးသွားမှာ

စိုးရွံ့တတ်ကြပါသည်၊ ခက်ခဲသောအရာများ၌ အားစိုက်ထုတ်မှသာဖြစ်နိုင်ပါသည်၊
၎င်းအားစိုက်ထုတ်မှုကိုပင် ကြိုးစားခြင်းဟုဆိုချင်ပါသည်၊
ကြီးပွားတိုးတက်အောင်မြင်ဘို့ရန်အတွက် ကြိုးစားကြရမည်သာဖြစ်ပါ၏ ၊
အားထုတ်မှုမပါပဲ အခြေအနေပေး၍ အလွယ်တကူရရှိသောအောင်မြင်ခြင်းများသည်
အထွတ်ထိပ်သို့မရောက်နိုင်သလို၊ ခိုင်မြဲရန်လည်းမလွယ်ကူပါ၊
အဘယ့်ကြောင့်ဆိုသော် လွယ်လွယ်ရလျှင်တန်ဖိုးမထားတတ်ကြသော
စိတ်ကြောင့်ဖြစ်ပါသည်၊
ကျွန်တော်တို့အားလုံး ကိုယ်ဖြတ်သန်းခဲ့ရသော
ဘဝခရီး၌ကြိုးစားရယူခဲ့သောအရာများ ရှိခဲ့ကြပါလိမ့်မည်၊ထိုသို့ရဖို့ရန်
အနည်းနှင့်အများ အားစိုက်ထုတ်ခဲ့ရသည့်ချည်းဖြစ်၏ ၊
သည့်အတွက် ထိုတန်ဖိုးကို နားလည်သင့်သလောက် နားလည်ကြပြီးဖြစ်မည်ထင်ပါသည်၊

ကြိုးစားခြင်းသည်ခက်ခဲသောအရာဖြစ်သလို၊ ခက်ခဲသောအရာများသည်လည်း
ကြိုစားမှသာဖြစ်နိုင်ပါသည်။
ကျွန်တော်တို့သည် ရိုးသားသူများကိုနှစ်သက်ကြသကဲ့သို့ကြိုးစားသူများကိုလည်း

သဘောကျကြ၏ ၊ကျရာအလုပ် တာဝန်တို့၌အပတ်တကုတ် ကြိုးစားအားထုတ်သူကိုသာလျှင်
လက်တွဲလုပ်ကိုင်ချင်ကြသည်၊ မိမိတို့လုပ်ငန်းအတွက်
သူကဲ့သို့သောလူများရှိမှသာတစ်ဖက်တစ်လမ်း
တိုးတက်အောင်မြင်နိုင်သောကြောင့်ဖြစ်သည်၊

သို့သော်အမှန်တကယ် တိုးတက်အောင်မြင်ဖို့ရန်အတွက်ဆိုလျှင်တော့
မိမိလုပ်ငန်း၌ တတ်မြောက်အောင်သင်ယူခြင်း၊ နားလည်အောင်အားထုတ်ခြင်း၊
လိမ္မာပါးနပ်စွာဖြင့် မျက်စိဖွင့် နားစွင့်၍၊
လုပ်ငန်းအပေါ်အမြင်ကျယ်ခြင်းတို့လိုအပ်ပါသည်၊ ထိုအရာတို့ကိုလည်း
ကြိုးစားခြင်းဟု ကျွန်တော်ဆိုချင်ပါသည်၊
ထိုကြိုးစားခြင်းသည်လည်းအဆန်လမ်းဖြစ်၏ ၊ ခက်ခဲ၏ ၊
စိတ်ဓာတ်ခိုင်မြဲတည်ကြည်မှသာ စွဲမြဲစွာဖြစ်နိုင်ပါသည်၊
ကောက်ရိုးမီးကဲသို့ ဟုန်းကနဲတောက်ရုံကြိုးစားမှုဖြင့်တော့
သိပ်အရာမရောက်နိုင်ပါ၊
တို့ကြောင့် ကျွန်တော်တို့သည် မိမိလိုရာပန်းတိုင်သို့ရောက်လိုပါလျှင်

မိမိစိတ်ကိုမြှင့်၍ ကြိုးစားခြင်းဆိုသောအရာကို မွေးမြူ ရယူကြရမည်ဖြစ်ပါသည်။



ရိုးသားခြင်း နှင့် ကြိုးစားခြင်း ( သို့ ) ခေါင်း နှင့် ပန်း

ရိုးသားခြင်းသည်ကောင်း၏ ၊ ထို့အတူကြိုးစားခြင်းသည်လည်း ကောင်း၏ ၊ သို့သော်
မိမိဘဝ(အလုပ်)တိုးတက်အောင်မြင်ရန် နှင့် ရေရှည်ခိုင်မြဲရန်အတွက်ဆိုလျှင်
တစ်ခုထဲရှိရုံနှင့်မဖြစ်နိုင်ပေ၊
ရိုးသားခြင်းနှင့်ကြိုးစားခြင်းတို့သည် အတူတွဲ၍ ရှိသင့်သော
ဒင်္ဂါးပြားတစ်ခု၏ ခေါင်းနှင့်ပန်းပမာရှိရပါမည်၊

ကျွန်တော်တို့သည် ယခုလက်ရှိလုပ်ကိုင်နေသော စီးပွားရေး
ကြီးပွားရေးလုပ်ငန်းသာမက ၊ လောကလွတ်မြောက်ရေး (သို့)
ထာဝရငြိမ်းချမ်းရေးအတွက်လည်း ရိုးသားမှုသည် အလွန်လိုအပ်ပါသည်၊
မိမိကိုယ်ကို မလိမ်မညာမှသာ အမှန်တရားကိုရရှိမှာဖြစ်ပါသည်၊
၎င်းကို ကိုယ်ကျင့်သီလဟု ခေါ်ရမည်ထင်ပါသည်၊ ကိုယ်ကျင့်ကောင်းသူကို အခြားသူများက
သဘောကျနှစ်ခြိုက်သကဲ့သို့၊ ကိုယ်တိုင်လည်း
နေထိုင်ရသည်မှာလိပ်ပြာသန့်ပါသည်၊ သည့်အတွက်ဘဝမှာစိတ်ချစွာ
စိတ်ချမ်းသာစွာနေထိုင်ရန်ရိုးသားကြရပါမည်၊
သို့သော်လည်းမိမိဘဝပြီးပြည့်စုံရန်အတွက်တော့ အသားလွတ်ရိုးသားနေရုံနှင့်မလုံလောက်ပေ

မဖြစ်မနေ ကြိုးစားမှုနှင့်ပေါင်းစပ်ရပါမည်။

ထို့ကြောင့် ဆိုလိုချင်သည်မှာ ရိုးခြင်းနှင့် အခြင်းကို
ကွဲပြားစွာနားလည်ရန်နှင့်၊ အဖျင်းဆုံးအားဖြင့် နှစ်ခုထဲက
တစ်ခုထဲသာတတ်နိုင်လျှင် ရိုးသားခြင်းကိုရွေးစေချင်သည်၊
ယခုကျွန်တော်တင်ပြဆွေးနွေးခဲ့သောအကြောင်းအရာများသည် ကျွန်တော့်ဆန္ဒနှင့်
သိစေချင်ခြင်းတို့သာဖြစ်ပါသည်၊ မိတ်ဆွေများအယူအဆနှင့်
တူချင်မှတူပါလိမ့်မည်၊
မိမိတို့နှစ်သက်ရာကိုရွေးချယ်လျှောက်လှမ်းကြမှာဖြစ်ပါသည်၊
ကျွန်တော့်ဆန္ဒအရပြောရလျှင် မိမိလိုရာပန်းတိုင်
ရောက်ရှိခိုင်မြဲရန်အတွက်ဆိုလျှင်တော့ ရိုးသားခြင်းနှင့်ကြိုးစားခြင်း
(သို့) ခေါင်း နှင့် ပန်း ဆိုသော

ဒင်္ဂါးပြားကို လက်ဆုပ်လက်ကိုင်ထားကြပါစို့ဟု အကြံပြု ရေးသားတင်ပြလိုက်ပါသည်။

အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ။

Tuesday, August 10, 2010

Popular Posts