Pages

ထားဝယ်သားလေးဆိုက်မှအားလုံးကိုကြိုဆိုပါတယ်

Sunday, August 31, 2008

အချစ?

အချစ်သည်ကားထိုသို့သာတည်း . . ။မခေါ်ပဲနှင့်ပယောဂမဲ့ရောက်လာတတ်၏ ။မပြောမဆိုပဲတိတ်တဆိတ်စွန့်ခွာသွားတတ်၏ ။အလွမ်းတစ်သိန်းနှင့်ကျန်ရစ်သည်မှာနုနယ်သောနှလုံးသားများသာ ။အချစ်သည်ကားထိုသို့သာတည်း . .။ပိုင်ဆိုင်ချင်စိတ်ထက်ထွေးပိုက်ချင်စိတ်ကများ၏ ။တစ်ဖက်သားသည်ကားငြင်းဆန်ခြင်းနှင့်သာ မွေ့လျော်နေ၏ ။ကိုယ့်အတွက်ကားသူက ဘ၀အဖော်မွန် . .သူ့အတွက်ကားကိုယ်က ဘ၀အဟန့်အတား . .မရည်ရွယ်ပဲတိုက်ဆိုင်တတ်၏ ။အချစ်သည်ကားထိုသို့သာတည်း . .။စူးနင့်စွာချစ်မိတတ်၏ ။ရင်နင့်စွာစွန့်ခွာသွား၏ ။တစိမ့်စိမ့်လေးနှင့်တစ်ဘ၀စာလွမ်းနေတတ်၏ ။အချစ်သည်ကားထိုသို့သာတည်း . .။မျှော်တလင့်လင့်ဖြင့်စောင့်နေတတ်၏ ။ရှာဖွေပါလျက် မတွေ့ရှိမျှော်နေပါလျက် ရောက်မလာအလွဲတွေနှင့်သာ . .အလွဲတွေနှင့်သာ . . ။

No comments:

Popular Posts