Pages

ထားဝယ်သားလေးဆိုက်မှအားလုံးကိုကြိုဆိုပါတယ်

Wednesday, December 17, 2008

နတ်တော်လဘွဲ့

ရှစ်ခွင်ကို မြူဆင်လို့
ငွေနှင်းတဲ့ နုစို။
ဂမုန်းသဇင်တို့
စုံခွင်မှာ လေချိုညှင်းက
သုတ်သွင်းဘယ်ညာနှံ့
သင်းပျံ့ပျံ့ချို။
ယုဂန္ဓိုရ် တောင်မိုထိပ်ဖျား
ရွှေလစန္ဓ္ဓီနှင့်
ဓီပထီရောင်ခြည်ဖျန်းတယ်
မြန်းတူကြွသွား။



ဖိုးသူတော်ဦးမင်း

No comments:

Popular Posts