Pages

ထားဝယ်သားလေးဆိုက်မှအားလုံးကိုကြိုဆိုပါတယ်

Tuesday, December 8, 2009

နင့်ယုံတမ်းစကားတွေ
လာလာပြီးပြောမနေနဲ့တော့
မင်းကိုချစ်ပြီးတဲ့နောက်
နင့်စံတော်ချိန်နဲ့အသက်ရှုတတ်လာတယ် ။
မင်းကိုချစ်ပြီးတဲ့နောက်
ငါမိုးတိမ်တွေဟစ်အော်ပြီးငိုကြွေးတယ် ။
မင်းကိုချစ်ပြီးတဲ့နောက်
ငါ့ဝတ်မှုန်တွေခဏခဏအိပ်မောကျတယ်။
မင်းကိုချစ်ပြီးတဲ့နောက်
ငါ့အိပ်မက်တွေညညဆိုယောင်ယောင်ပြီးထထအော်တယ်။
မင်းကိုချစ်ပြီးတဲ့နောက်
ငါ့ကဗျာတွေဓမ္မဓိဌာန်ကျကျအသည်းကွဲတယ် ။
မင်းကိုချစ်ပြီးတဲ့နောက်
ငါဆိုတဲ့ကောင်ကအိပ်ရေးပျက်ကြယ်ဝင်စားဖြစ်သွားတယ် ။

မပတ်သက်ချင်စမ်းပါနဲ့
အပူချိန်မြင့်တက်လာရုံပဲရှိမယ်
အဝေးထွက်သွားတိုင်းဝေးသွားရောလား
အငွေ့ပျံတိုင်း ပျောက်ကွယ်သွားရောလား
ပြောစမ်းပါ ပြောကြည့်စမ်းပါ
မေ့ချင်ယောင်ဆောင်ခြင်းဆိုတာက
မမှတ်မိတဲ့ရောဂါ တစ်မျိုးလား
နင်ဟာငါမဟုတ်သလိုငါဟာလည်းနင်မဟုတ်ဘူး
ငါ့အရိပ်ကိုနင်မပိုင်သလိုနင့်အရိပ်ကိုလည်းငါမပိုင်ဘူး
ငါတို့က အရင်းနှီးဆုံး သူစိမ်းတွေပဲ
တော်ပြီ
ငါတို့ဇာတ်လမ်း ဒီမှာတင်တစ်ခန်းရပ်မယ်

No comments:

Popular Posts